မင်းလှမြို့နယ်တွင် ဆေးလိပ်နှင့် ဆေးရွက်ကြီးအန္တရာယ် အသိပညာပေးဟောပြောပွဲ ကျင်းပ

အထက်မင်းလှ မေ ၁၆

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဆေးလိပ်နှင့် ဆေးရွက်ကြီးအန္တရာယ် အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက် (၁၁)နာရီခွဲက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

အခမ်းအနားတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးမှူးဦးဇော်ယုနှင့် အမျိုးသမီးကျန်းမာရေးဆရာမ ဒေါ်မာမာအေးတို့က ဆေးလိပ်၊ ဆေးရွက်ကြီးအန္တရာယ်၊ ဆေးလိပ်၊ ဆေးရွက်ကြီးကြောင့်ဖြစ်သော ရောဂါများ၊ ဆေးလိပ်၏ဆိုးကျိုးများကို ရှင်းလင်းဆွေးနွေးပြောကြားခဲ့ပြီး မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများက ဆေးလိပ်ဆေးရွက်ကြီးအန္တရာယ် အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့သည်။

အဆိုပါ ဆေးလိပ်၊ ဆေးရွက်ကြီးအန္တရာယ် အသိပညာပေးဟောပြောပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများ တက်ရောက်ခဲ့ကြောင်း သိရသည်။

ဇာဇာ(အထက်မင်းလှ)