လပွတ္တာ မေ ၁၆
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဖဒိုမန်းငြိမ်းမောင်နှင့် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်အဖွဲ့သည် ယမန်နေ့နံနက် ၉ နာရီအချိန်က ရေဆိုင်ကျေးရွာအုပ်စု၊ စမ်းချောင်းကျေးရွာ၊ လပွတ္တာ-မြောင်းမြကားလမ်း၊ (၁၉)မိုင်အနီးရှိ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ ကျွဲမွေးမြူရေး အသုံးချသုတေသနနှင့် မျိုးထိန်းမျိုးပွားခြံသို့ရောက်ရှိရာ ကျွဲအထီ(၂၆)ကောင်၊ အစ်မ(၄၃)ကောင် စုစုပေါင်ကျွဲကောင်ရေ(၆၉)ကောင် မွေးမြူထားရှိမှုနှင့် စီမံဆောင်ရွက်ထားရှိမှုတို့ကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလွင်ကိုဦး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသူရနှင့်တာဝန်ရှိသူများက ရှင်းလင်းတင်ပြရာ နိုင်ငံတော်ကောင်စီအဖွဲ့ဝင်က လိုအပ်ချက်များအား လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဖဒိုမန်းငြိမ်းမောင်နှင့်အဖွဲ့သည် ကျောက်မော်ကျေးရွာရှိ (TMLL) အအေးခန်းစက်ရုံတွင် ဂဏန်ပျော့မွေးမြူပုံ၊ ထုတ်ပိုးတင်ပို့ ရောင်းချမှုအခြေအနေနှင့် လပွတ္တာ(၃)မိုင်မြို့ ကားကြီးဝန်းအနီးရှိ စူပါရွှေဂဏန်း ကုမ္ပဏီလီမီတက်တွင် ဂဏန်းပျော့ထုတ်လုပ်နေမှုနှင့် ဂဏန်းပျော့မွေးမြူနေမှုအခြေအနေအားကြည့်ရှု၍ လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကြောင်းနှင့် လပွတ္တာမြို့နယ် မြစ်ကျိုကြီးကျေးရွာရှိ ရေတံခါးစီမံကိန်းဆောက်လုပ်နေမှုအား ကြည့်ရှုအားပေးပြီး ဒေသခံပြည်သူများနှင့် တွေ့ဆုံပွဲကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဖဒိုမန်းငြိမ်းမောင်က အဖွင့်အမှာစကားပြောကြားခြင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းက မိုးစပါးပန်းတိုင်အထွက်နှုန်းရောက်ရှိရေး၊ နွေစပါးပန်းတိုင်အထွက်နှုန်းရရှိရေး ဆီထွက်သီးနှံများ လျာထားချက်ပြည့်မှီအောင်စိုက်ပျိုးနိုင်ရေး ရှင်းလင်းပြောကြားပြီး သစ်စိမ်းမြေဩဇာ(ပိုက်ဆံလျှော်) မျိုးစေ့များနှင့် မျိုးစေ့ချကိရိယာ(Drum Seeder) များကို တောင်သူများထံပေးအပ်ခဲ့ကြောင်း သိရသည်။
ဟိန်းထက်လင်း(ပြန်/ဆက်)