ကမာရွတ်မြို့နယ်၌ ၂၀၂၅-၂၀၂၆ ကျောင်းအပ်နှံရေးသီတင်းပတ် မြေစိုက်ပိုစတာစိုက်ထူ

ရန်ကုန် မေ ၁၆

ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်မြို့နယ်တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် ကျောင်းနေအရွယ်ကလေးအားလုံး စဉ်ဆက်မပြတ် ပညာသင်ယူဖို့ ကျောင်းအပ်နှံကြပါစို့ မြေစိုက်ပိုစတာစိုက်ထူခြင်းအခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီက အမှတ်(၁၀)ရပ်ကွက်၊ ဦးဝိစာရလမ်းရှိ အမှတ်(၁) အခြေခံပညာကျောင်းတွင်ကျင်းပသည်။ အခမ်းအနားသို့ ခရိုင်နှင့်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ခရိုင်နှင့်မြို့နယ် ဌာနဆိုင်ရာများ၊ ခရိုင်နှင့်မြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့နှင့် အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ကျောင်းအုပ်ဆရာ၊ဆရာမကြီးများနှင့် မြို့နယ်ကြက်ခြေနီအသင်းအဖွဲ့ဝင်များ တက်ရောက်ခဲ့သည်။

အဆိုပါ မြေစိုက်ပိုစတာများ စိုက်ထူပေးခြင်းကြာင့် မြို့နယ်အတွင်းရှိ ကျောင်းသားမိဘများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် အများပြည်သူများ သိရှိနိုင်ရေး ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကျောင်းနေအရွယ်ကလေးအားလုံး စဥ်ဆက်မပြတ်ပညာသင်ယူဖို့ ကျောင်းအပ်နှံကြပါစို့ မြေစိုက်ပိုစတာများအား မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများအားလုံးတွင် စိုက်ထူပေးထားကြောင်း သိရပါသည်။

မြို့နယ် (​ပြန်/ဆက်)