သံတောင်ကြီး မေ ၁၅
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်ကလေးစာဖတ်ခန်းတွင် ယနေ့နံနက်(၉)နာရီအချိန်က ပြိုင်ပွဲများပြုလုပ် ဆောင်ရွက် ပေးခဲ့ကြောင်းသိရသည်။
အဆိုပါ ပြိုင်ပွဲပြုလုပ်ပေးခြင်းဖြင့်ကျောင်းနေအရွယ်ကလေးသူငယ်များ တိုင်းရင်းသားဘာသာ စကားကိုတန်ဖိုးထားတတ်စေရန်၊ ဉာဏ်ပညာစွမ်းရည်အတွေးအခေါ်စွမ်းရည်များ ဖွံ့ဖြိုးတိုးတက် လာစေရန်၊ စာကြည့်တိုက်နှင့် ရင်းနှီးကျွမ်းဝင်မှုရှိစေရန်၊ စာဖတ်ခြင်းအလေ့အထများရှိစေရန်အတွက် ပြုလုပ်ပေးခြင်းဖြစ်ပြီး စကောကရင်ပုံပြင် ပြောပြိုင်ပွဲတွင် ကျောင်းသူ/ကျောင်းသား(၇)ဦး၊ ဘွဲကရင် ကဗျာရွတ်ပြိုင်ပွဲတွင် ကျောင်းသူ/ကျောင်းသား(၁၀)ဦး၊ စာဖတ်စွမ်းရည်ပြိုင်ပွဲတွင် ကျောင်းသူ/ကျောင်းသား (၈)ဦး ပါဝင်ယှဉ်ပြိုင်ကြရာ ဆုရရှိသူများအား မြို့နယ်ဦးစီးမှူး နော်လော်မူနှင့် ဝန်ထမ်းများက အမှတ်တရ လက်ဆောင်များ ပေးအပ်ခဲ့ကြောင်း သိရသည်။
နော်နော်မူ