စေတုတ္တရာ မေ ၁၆
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ်အတွင်း သဘာဝဘေးအန္တရာယ်နှင့် အခြားရုတ်တရက်ဖြစ်ပွားလာတတ်သော ဘေးအန္တရာယ်များ ကျရောက်လာပါက ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်စောင့်ရှောက်နိုင်ရန်ရည်ရွယ်၍ ယနေ့နံနက် (၈)နာရီက အမှတ်(၁)ရပ်ကွက် အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)တွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ တုံ့ပြန်ဆောင်ရွက်နိုင်ရေး ဇာတ်တိုက်လေ့ကျင့် သရုပ်ပြသမှုများ ဆောင်ရွက်ခဲ့သည်။
အဆိုပါ သဘာဝဘေးအန္တရာယ်ဆိုင်ရာ တုံ့ပြန်ဆောင်ရွက်နိုင်ရေး ဇာတ်တိုက်လေ့ကျင့်ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဟိန်းထက်အောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မီးသတ်ဦးစီးဌာန၊ ကြက်ခြေနီ၊ သူနာပြုတပ်ဖွဲ့များနှင့် လူမှုကူညီရေးအသင်းများက သဘာဝဘေးအန္တရာယ်အမျိုးမျိုးနှင့် ငလျင်ဘေးအန္တရာယ်ကြုံတွေ့ပါက ကူညီကယ်ဆယ်ရေးယာဉ်များဆောင်ရွက်ထားရှိမှု၊ အဆောက်အအုံအတွင်း ပိတ်မိနေသည့်သူများ ရှာဖွေကူညီကယ်ဆယ်နေမှု၊ ထိခိုက်ဒဏ်ရာရရှိသူများအား ဘေးကင်းရာသို့ပို့ဆောင်ခြင်းလုပ်ငန်းများနှင့် ရှေးဦးသူနာပြုနည်းစနစ်များဖြင့် ကုသပေးခြင်းလုပ်ငန်းများ သရုပ်ပြလေ့ကျင့်ခဲ့ကြကြောင်း သိရသည်။
ဆန်းကိုကို(ပြန်/ဆက်)