ဘားအံ မေ ၁၆
ပညာရေးဝန်ကြီးဌာန၊ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့ အထိမ်းအမှတ် “ကျောင်းနေအရွယ်ကလေးအားလုံး စဉ်ဆက်မပြတ် ပညာသင်ယူဖို့ ကျောင်းအပ်နှံကြပါစို့” လှုံ့ဆော်မြေစိုက်ပိုစတာစိုက်ထူပွဲကို ယမန်နေ့ နံနက် ၈ နာရီက ဘားအံမြို့၊ အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်းရှေ့၌ ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါ မြေစိုက်ပိုစတာစိုက်ထူပွဲသို့ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ ်ဦးညွန့်လင်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်ပညာရေးမှူးနှင့် အခြေခံပညာကျောင်းများမှ ကျောင်း သား၊ ကျောင်းသူ၊ ဆရာ၊ဆရာမများ၊ ကျောင်းသားမိဘများ တက်ရောက်ခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက မြေစိုက်ပိုစတာအား အမွှေးနံ့သာရည်များ ပက်ဖျန်းပေးကြကာ ကျောင်းအပ်နှံရေးနေ့ အထိမ်းအမှတ်မြေစိုက်ပိုစတာ ဆိုင်းဘုတ်အား စိုက်ထူပေးခဲ့ကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် တက်ရောက်လာသူများနှင့်အတူ စုပေါင်းမှတ်တမ်းဓာတ်ပုံများ ရိုက်ကူးခဲ့ကြပြီး ဘင်ခရာ၊ ပန်းပွားနှင့် တိုင်းရင်းသားအဖွဲ့များအား ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ခဲ့ကြကာ ကရင်ပြည်နယ်အတွင်း ကျောင်းအပ်နှံရေးနေ ့အထိမ်းအမှတ် မြေစိုက်ပိုစတာ စိုက်ထူပွဲများကို သက်ဆိုင်ရာမြို့နယ်များအလိုက် ကျင်းပလျက်ရှိကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)