ပခုက္ကူ မေ ၁၅
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ KG တန်းမှ Grade-11 တန်းအထိ ကျောင်းသား၊ ကျောင်းသူများ၏ စာမေးပွဲအောင်စာရင်းများကို ယနေ့နံနက်ပိုင်းတွင် ထုတ်ပြန်ကြေညာကြောင်း သိရသည်။
ပခုက္ကူမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၊ ကိုယ်ပိုင်ကျောင်းများနှင့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများအလိုက် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် စာမေးပွဲအောင်စာရင်းများ ထုတ်ပြန်ကြေညာခဲ့ရာ ကျောင်းသား၊ ကျောင်းသူများနှင့် မိဘများက လာရောက်ကြည့်ရှုခဲ့ကြကြောင်း၊ အဆိုပါစာမေးပွဲတွင် KG တန်းမှ Grade 11 တန်းအထိ ကျောင်းသား ၁၇၁၈၄ ဦး၊ ကျောင်းသူ ၁၈၂၁၉ ဦး၊ စုစုပေါင်း ၃၅၄၀၃ဦး ဖြေဆိုခဲ့ကြပြီး ရာနှုန်းပြည့်အောင်မြင်ခဲ့ကြောင်း မြို့နယ်ပညာရေးမှူးရုံးထံက သိရသည်။
ဘာမီသာ(ပခုက္ကူ)