ငဖဲ မေ ၁၅
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ်၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် KG တန်းမှ Grade-11 တန်းထိ ကျောင်းသား၊ ကျောင်းသူများ၏ စာမေးပွဲအောင်စာရင်းကို ယနေ့နံနက်ပိုင်းမှ စတင်၍ ထုတ်ပြန်ကြေညာကြောင်း သိရသည်။
အောင်စာရင်းများထုတ်ပြန်ရာတွင် အခြေခံပညာအထက်တန်း၊ အလယ်တန်းနှင့် မူလတန်းကျောင်းပေါင်း (၆၆)ကျောင်း၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း (၃)ကျောင်း၊ စုစုပေါင်း ကျောင်းပေါင်း (၆၉) ကျောင်းတို့၏ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် စာမေးပွဲအောင်စာရင်းများကို သက်ဆိုင်ရာကျောင်းများအသီးသီးတွင် မေလ ၁၅ ရက်နေ့ နံနက် ၆ နာရီက တစ်ပြိုင်နက်တည်း ကြော်ငြာသင်ပုန်းများတွင် ထုတ်ပြန်ကြေညာခဲ့ကြောင်း သိရသည်။
မယု(ငဖဲ)