ဓနုဖြူ မေ ၁၅
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်၌ ကျန်းမာရေးအသိပညာပေးဟောပြောခြင်းနှင့် ဖုံး၊ သွန်၊ လဲ၊ စစ် အဘိတ်ဆေးခတ်ခြင်းလုပ်ငန်းအား ယနေ့နံနက်ပိုင်းက အမှတ်(၁၅)ရပ်ကွက်တွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ဓနုဖြူမြို့နယ် အမှတ်(၁၅)ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး၌ ဓနုဖြူမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သူနာပြုဆရာမကြီး ဒေါ်စန်းစန်းမိုးက ရပ်ကွက်၊ ကျေးရွာများ၌ မိုးရာသီကာလအတွင်း ဖြစ်ပွားတတ်သော သွေးလွန်တုတ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေး လုပ်ငန်းများဖြစ်သည့် ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများအား အသိပညာပေးဟောပြောပြီး ရပ်ကွက်အတွင်း ပိုးလောက်လန်းပေါက်ပွားနိုင်သည့် နေရာများအား ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများဆောင်ရွက်ခြင်း၊ အဘိတ်ဆေးခတ်ခြင်းများ ဆောင်ရွက်ခဲ့ကြသည်။
အဆိုပါ ကျန်းမာရေးအသိပညာပေးလုပ်ငန်းများနှင့် အဘိတ်ဆေးခတ်ခြင်းလုပ်ငန်းများအား မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဝန်ထမ်းများ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများ၊ မြို့နယ်အမျိုးသမီးရေးရာနှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်ထိုက်စုကြည်နှင့်အဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့ဝင်များ၊ ပြည်သူများပူပေါင်း၍ ရပ်ကွက်အတွင်းဆောင်ရွက်ခဲ့ကြပြီး သွေးလွန်တုတ်ကွေး ရောဂါကူးစက်မှု မဖြစ်ပွားစေရေးအတွက် အဘိတ်ဆေးခတ်ခြင်းအား (၆)ပတ်လျှင်တကြိမ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
အောင်ပြည့်ဖြိုးဇော်