ရေကြည် မေ ၁၅
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ရေကြည်မြို့နယ်၊ အမှတ်(၁)၊အခြေခံပညာအထက်တန်းကျောင်းရှေ့တို့တွင် ယနေ့နံနက်(၈)နာရီအချိန်၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ “ကျောင်းနေအရွယ်ကလေးအားလုံး စဉ်ဆက်မပြတ်သင်ယူဖို့ ကျောင်းအပ်နှံကြပါစို့”ဟူသော ကျောင်းအပ်နှံရေး သီတင်းပတ်ဆိုင်းဘုတ်များအား စိုက်ထူခဲ့ကြကြောင်း သိရသည်။
ဆိုင်းဘုတ်များစိုက်ထူရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊ ဦးလင်းနိုင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူးနှင့် အခြေခံပညာဆရာ/မများ၊ ဌာနဆိုင်ရာ အကြီးအကဲများ ပူးပေါင်းဝိုင်းဝန်း စိုက်ထူကြခြင်းဖြစ်ပြီး “ကျောင်းနေအရွယ်ကလေးအားလုံး စဉ်ဆက်မပြတ်သင်ယူဖို့ ကျောင်းအပ်နှံကြပါစို့” ဟူသော ဆောင်ပုဒ်နှင့်အညီ ကျောင်းနေအရွယ် ကလေးအားလုံး အခြေခံပညာသင်ကြားနိုင်ရေး၊ မိဘ၊ ဆရာများ ပူးပေါင်းပါဝင်လာစေရေးတို့အား ရည်ရွယ်ဆောင်ရွက်ခြင်းဖြစ်ကြောင်းနှင့် ကျောင်းအပ်နှံရေးလုပ်ငန်းစဉ်အား မေလ(၂၂)ရက်နေ့မှ စတင်ကာ ဇွန်လ(၁)ရက်နေ့အထိ တစ်မြို့နယ်လုံးရှိ အခြေခံပညာကျောင်းများတွင် အလေးထားဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)