သာပေါင်း မေ ၁၅
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တွင် ယမန်နေ့နံနက် ၁၁ နာရီ ၄၅ မိနစ်အချိန်က ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်တို့က သာပေါင်းမြို့နယ်တွင် ယာယီနေရပ်စွန့်ခွာ ပြည်သူများအားငွေနှင့်ဆန်ရိက္ခာများ ပြည်အေးခန်းမ၌ ပေးအပ်ခဲ့ကြောင်း သိရသည်။
ယာယီနေရပ်စွန့်ခွာပြည်သူများအား ငွေနှင့်ဆန်ရိက္ခာများပေးအပ်ပွဲ အခမ်းအနားတွင် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းက အမှာစကားပြောကြားပြီး ယာယီနေရပ် စွန့်ခွာပြည်သူများအား (၂/၂၀၂၅)၊ (၃/၂၀၂၅) တစ်ဦးလျှင် (၄၀၀၀၀/-)ကျပ်၊ ဆန်(၁)ပြည်စီတို့ကို ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ စီးပွာရေးရာဝန်ကြီး ဦးတင်အေး၊ လူမှုရေးဝန်ကြီး ဦးခင်မောင်ကြည်၊ တိုင်းရဲတပ်ဖွဲ့မှူး ရဲမှူးကြီးကျော်ထွန်း၊ ပုသိမ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးရည်မွန်တို့က တတ်ရောက်လာကြသော ယာယီနေရပ်စွန့်ခွာပြည်သူ(၃၉)တို့အား လက်ရောက် ပေးအပ်ခဲ့ကြပြီးနောက် ခရိုင်အုပ်ချုပ်ရေးမှူး ဦးရည်မွန်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းဧရာထိုက်တို့မှ ယာယီနေရပ်စွန့်ခွာ ပြည်သူများနေထိုင်ရာသို့ နယ်မြေအရောက်ပေးအပ်ရေးအဖွဲ့(၅)ဖွဲ့အား ငွေနှင့်ဆန်ရိက္ခာများ လွှဲပြောင်းပေးအပ်ကာ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းမှ ယာယီနေရပ်စွန့်ခွာပြည်သူများကို အားပေးစကားပြောကြားခဲ့ကြောင်း သိရသည်။
သိန်းမြင့်မျိုးဦး