သထုံ မေ ၁၅
မွန်ပြည်နယ်၊ သထုံမြို့နယ်အတွင်းရှိ ဆေးဝါးပစ္စည်များနှင့် အလှကုန်ပစ္စည်းအရောင်းဆိုင်တို့အား မြို့နယ်အစားအသောက်နှင့် ဆေးဝါးကြီးကြပ်ကွပ်ကဲရေးကော်မတီမှ တာဝန်ရှိသူများပူးပေါင်း၍ ဈေးကွက်ကွင်းဆင်းစစ်ဆေးခြင်းကို ယနေ့၊ နံနက်ပိုင်းက လိုက်လံဆောက်ရွက်ခဲ့ကြသည်။
ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်အစားအသောက်နှင့် ဆေးဝါးကြီးကြပ်ကွပ်ကဲရေးကော်မတီဥက္ကဋ္ဌ သထုံခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာသန်းဦး ဦးဆောင်မှုဖြင့် တာဝန်ရှိသူများ ပူးပေါင်းကာ သထုံမြို့ပေါ် ရပ်ကွက်အသီးသီးတို့ရှိ လိုင်စင်ရ ဆေးဝါးအရောင်းဆိုင်များနှင့် အလှကုန်ပစ္စည်းအရောင်းဆိုင်များ၌ သတ်မှတ်လိုင်စင်စည်းကမ်းများနှင့်အညီ ရောင်းချခြင်း ရှိ/မရှိ၊ ဈေးနှုန်းမှန်ကန်စွာ ရောင်းချခြင်း ရှိ/မရှိ၊ သက်တမ်းလွန်ဆေးဝါးများ ရောင်းခြခြင်း ရှိ/မရှိတို့အား လိုက်လံစစ်ဆေးကာ လိုအပ်သည်တို့ကို အသိပညာပေးညှိနှိုင်းဆွေးနွေးခဲ့ကြသည်။
အဆိုပါကွင်းဆင်းစစ်ဆေးခြင်းကို ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ခရိုင်အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ မြို့နယ်တိုင်းရင်းဆေးပညာဦးစီးဌာန၊ ခရိုင်စားသုံးသူရေးရာဦးစီးဌာန၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့မှ တာဝန်ရှိသူများ ပူးပေါင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)