ကွမ်းခြံကုန်းမြို့နယ် လူထုအခြေပြုဗဟိုဌာနခန်းမတွင် စာဖတ်ရှိန်မြှင့်မားရေး အသိပညာပေးဟောပြောပွဲကျင်းပ

ကွမ်းခြံကုန်းမြို့ မေ ၁၅

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကွမ်းခြံကုန်းမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် စာဖတ်ရှိန်မြင့်မားရေးအသိပညာပေးဟောပြောပွဲအား ယမန်‌နေ့က ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ကွမ်းခြံကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်နန့်ဆွေနွယ်ဦးကဘောဂဗလ၊ ကာယဗလ၊ ဥာဏဗလ၊ မိတ္တဗလ၊ စာရိတ္တဗလစသည့်ဗလငါတန်ပြည့်ဝသည့် လူငယ်များဖြစ်လာစေရန်နှင့် စာပေသည်မကောင်းမြစ်တာ ကောင်းရာညွှန်ပြနိုင်ကြောင်း၊ စာဖတ်သူကို ဉာဏ်အလင်းရောင်ရအောင် ပေးဆောင်နိုင်ကြောင်း၊ စာပေသည်လူသားတို့၏ ဘဝရှေ့ဆောင်မီးရှူးရောင်ဆိုသည့် စကားအတိုင်းလောကတွင် အမှောင်ခွင်း၍ အလင်းဆောင်သူများမှာ စာပေသာဖြစ်ကြောင်းနှင့် စာမဖတ်ခြင်းက သင့်ဘဝကို နိမ့်ကျစေမှာဖြစ်ပြီး စာဖတ်ခြင်းကတော့သင့်ဘဝကို တောက်ပစေမှာဖြစ်ကြောင်းကို ဟောပြောခဲ့ပါသည်။

အဆိုပါဟောပြောပွဲတွင် ကျောင်းသား/သူများ (၄၀) ဦး တက်ရောက်ပြီး ပြသထားသော နံရံကပ်စာစောင်အား ကြည့်ရှူခဲ့ကြောင်း သိရသည်။

ဆွေနွယ် (ပြန်/ဆက်)