ပွင့်ဖြူမြို့နယ်၌ ၂၀၂၅ - ၂၀၂၆ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့ဆိုင်ရာ မြေစိုက်ပိုစတာ စိုက်ထူ

ပွင့်ဖြူ မေ ၁

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်တွင် ၂၀၂၅ - ၂၀၂၆ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့ဆိုင်ရာ မြေစိုက်ပိုစတာစိုက်ထူခြင်းကို ယနေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ ကျောင်းအပ်နှံရေးနေ့ဆိုင်ရာ မြေစိုက်ပိုစတာစိုက်ထူရာတွင် ပွင့်ဖြူမြို့နယ်ပညာရေးမှူး ဒေါ်မြင့်မြင့်သိန်းနှင့် ပညာရေးဌာမှ ဆရာ၊ ဆရာမများက “ကျောင်းနေအရွယ်ကလေးများအားလုံး စဉ်ဆက်မပြတ် အခြေခံပညာသင်ယူဖို့ ကျောင်းအပ်နှံကြပါစို့” မြေစိုက်ပိုစတာ(ဗီနိုင်း)ဆိုင်းဘုတ်များကို မြို့နယ်ပညာရေးမှူးရုံးရှေ့၊ ပွင့်ဖြူမြို့အခြေခံပညာအထက်တန်းကျောင်းရှေ့နှင့် အရှေ့ပိုင်းရပ်ကွက်ရှိ အမှတ်(၁)‌အခြေခံပညာမူလတန်းကျောင်းရှေ့တို့တွင် စိုက်ထူခဲ့ကြကြောင်း သိရသည်။

ပွင့်ဖြူမြို့နယ်တွင် ၂၀၂၅ - ၂၀၂၆ ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းများကို မေလ (၂၂)ရက်နေ့မှ ဇွန်လ (၁)ရက်နေ့အထိ ကျောင်းအပ်နှံရေးနေ့သီတင်းပတ်အဖြစ် ဆောင်ရွက်သွားမည်ဖြစ်ပြီး ဇွန်လ(၂)ရက်နေ့တွင် အခြေခံပညာကျောင်းများအားလုံး စတင်ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။  

လှိုင်ဝင်းလေး (ပွင့်ဖြူမြေ)