မိုင်းယောင်း မေ ၁၅
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် မိုင်းယောင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌတို့သည် ယမန်နေ့က ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထို့သို့ဆောင်ရွက်ခဲ့ရာ မိုင်းယောင်းမြို့၊ အမှတ်(၃)၊ အမှတ်(၄)၊ အမှတ်(၈)၊ အမှတ်(၇)၊ အမှတ်(၉) ရပ်ကွက်များ၌ ရေအရင်းအမြစ်ရယူသည့်နေရာများသည် နှစ်ကာလကြာမြင့်သည့်အတွက် ရေစုသည့်နေရာမှ ရေရရှိမှုနည်းပါးခြင်းကြောင့် အခြားရေထွက်ကောင်းသည့်နေရာမှ ရေသွယ်ယူနိုင်ရေးအတွက် မိုင်းဖြတ်-နဂါးမီးလင်းရေးကုမ္ပဏီမှလှူဒါန်းသည့် ရေပိုက်များရောက်ရှိမှုအား မိုင်းယောင်းမြို့နယ်စည်ပင်သာယာရေးဦးစီးဌာန၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ အလှူရှင်များဖြင့် ကွင်းဆင်းဆောင်ရွက်ခဲ့ပြီး အမြန်ဆုံးရေရရှိနိုင်ရေးလိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ရာဇီ(ပြန်/ဆက်)