ရေနံချောင်းမြို့၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကျောင်းအပ်နှံရေးသီတင်းပတ်ဆိုင်းဘုတ် စိုက်ထူ

ရေနံချောင်း မေ ၁၅

မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ရေနံချောင်းမြို့နယ်၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကျောင်းအပ်နှံရေးသီတင်းပတ် ဆိုင်းဘုတ်စိုက်ထူပွဲအခမ်းအနားကို ယနေ့နံနက် ၈ နာရီက မြို့နယ်ပညာရေးမှူးရုံးရှေ့၌ ကျင်းပခဲ့သည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဇင်ဦးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ဒုတိယမြို့နယ်ပညာရေမှူးများနှင့် ဆရာ/ဆရာမများ တက်ရောက်ကာ ကျောင်းအပ်နှံရေးသီတင်းပတ်ဆိုင်းဘုတ်ကို စုပေါင်းစိုက်ထူကြပြီး အမွှေးနံ့သာရည်များဖြင့် ပက်ဖျန်းဖွင့်လှစ်ပေးခဲ့ကြသည်။

အဆိုပါဆိုင်းဘုတ်တွင်ပါရှိသည့် “ကျောင်းနေအရွယ်ကလေးအားလုံး စဉ်ဆက်မပြတ်ပညာသင်ယူဖို့ ကျောင်းအပ်နှံကြပါစို့”ဆောင်ပုဒ်နှင့်အညီ ကျောင်းနေအရွယ်ကလေးအားလုံး ကျောင်းအပ်နှံပညာသင်ကြားနိုင်ရေး မိဘအုပ်ထိန်းသူများ၊ ဆရာ/ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ ပူးပေါင်းဆောင်ရွက်ကြစေရေးရည်ရွယ်စိုက်ထူခြင်းဖြစ်ကြောင်းနှင့် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကျောင်းအပ်နှံရေးသီတင်းပတ်ကို မေလ ၂၂ ရက်မှ ဇွန်လ ၁ ရက်နေ့အထိ သတ်မှတ်ထားကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

မြို့နယ်(ပြန်/ဆက်)