နတ်မောက်မြို့နယ်၌ အခြေခံပညာအဆင့် စာမေးပွဲအောင်စာရင်းများထုတ်ပြန်ကြေညာ

နတ်မောက် မေ ၁၅                                                                                                   

၂၀၂၄-၂၀၂၅ပညာသင်နှစ် အခြေခံပညာအဆင့်စာမေးပွဲအောင်စာရင်းများကို ယနေ့နံနက် ၇ နာရီအချိန်က နတ်မောက်မြို့နယ်ရှိ သက်ဆိုင်ရာကျောင်းများအလိုက် ကြော်ငြာသင်ပုန်းများ၌ ကပ်ထားပေးရာ ကျောင်းသား/ကျောင်းသူများ၊ မိဘအုပ်ထိန်းသူများ လာရောက်ကြည့်ရှုကြသည်။

နတ်မောက်မြို့နယ်တွင် အခြေခံပညာသင်ကျောင်း (၂၁၂)ကျောင်းနှင့် ဘုန်းတော်ကြီးပညာသင်ကျောင်း (၁၀) ကျောင်း စုစုပေါင်း (၂၂၂)ကျောင်းရှိပြီး  အဆိုပါကျောင်းများရှိ ကြော်ငြာဘုတ်များတွင် KG တန်းမှ Grade-11 တန်းအထိ အောင်စာရင်းများထုတ်ပြန်ခဲ့ရာ ကျောင်းသား၊ ကျောင်းသူများ၊ မိဘများနှင့် အုပ်ထိန်းသူများလာရောက်ကြည့်ရှုလျက်ရှိကြောင်း သိရသည်။

လှဝင်း