ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ လုပ်ငန်းညှိနှိုင်း အစည်းအဝေးတက်ရောက်

စစ်တွေ မေ ၁၅

သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ နေ့လယ်ပိုင်းက ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ကျင်းပရာ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးထိန်လင်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြပြီး ခရိုင်နှင့်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများက Video Conference စနစ်ဖြင့် တက်ရောက်ကြသည်။ 

လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ရခိုင်ပြည်နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းက မိုးဦးရာသီကျရောက်လာပြီ ဖြစ်သည့်အတွက် သဘာဝဘေးနှင့်ပတ်သက်ပြီး ကြိုတင်ပြင်ဆင်မှုများ စီမံခန့်ခွဲမှုများကို စဉ်ဆက်မမြတ် ဆောင်ရွက်သွားကြရန်လိုကြောင်း၊ ယခင်ဖြစ်ပွားခဲ့သည့် အခြေအနေများ၊ ဆောင်ရွက်ခဲ့သော အခြေအနေများ ကို သင်ခန်းစာဖော်ထုတ်ပြီး ဆောင်ရွက်နိုင်ရန်အတွက် ရခိုင်ပြည်နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့နှင့် လုပ်ငန်းကော်မတီများမှ မိမိဆောင်ရွက် ရမည့်လုပ်ငန်းများကို ကြိုတင်ပြင်ဆင် ဆောင်ရွက်နိုင်ကြရန်အတွက် အစည်းအဝေးပြုလုပ်ရခြင်းဖြစ်ကြောင်း၊  မိုးဦးကာလရောက်ရှိလာပြီ ဖြစ်သည့်အတွက် သဘာဝဘေးနှင့်ပတ်သက်၍ ရခိုင်ပြည်နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့အနေဖြင့် ကော်မတီအလိုက် ဆွေးနွေးပြင်ဆင်မှုများ၊Table Top Exercises များ၊ ဇာတ်တိုက်လေ့ကျင့်မှုများ၊ လိုအပ်သည့်ပစ္စည်များအား သက်ဆိုင်ရာဝန်ကြီးဌာနများနှင့်ချိတ်ဆတ်၍ တောင်းခံခြင်များ၊ အသိပညာပေးလုပ်ငန်းများနှင့် မိုးလေဝသဆိုင်ရာ ညွှန်ကြားချက်များကို ကြိုတင်ဆောင်ရွက်ထားရှိရန်လိုအပ်ကြောင်း၊ ပြည်နယ်မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန နေဖြင့်လည်း မိမိတို့ဝန်ကြီးဌာနမှ အချိန်နှင့်တစ်ပြေးညီ ညွှန်ကြားချက်များကို ပြည်နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့နှင့် သက်ဆိုင်ရာဌာနများသို့ ညွှန်ကြားချက်များ သိရှိအောင် ဆောင်ရွက်ပေးသွားရန် လိုအပ်မည်ဖြစ်ကြောင်း၊ ရခိုင်ပြည်နယ်တွင် သဘာဝဘေးနှင့်ပတ်သက်၍ ထိခိုက်မှုများ၊ ပျက်စီးဆုံးရှုံးမှုများမဖြစ်ပေါ်နိုင်ရေးအတွက် လုပ်ငန်းကော်မတီများမှ သက်ဆိုင်ရာကဏ္ဍအလိုက် ပူးပေါင်းကူညီ ဆောင်ရွက်ကြရန်လိုကြောင်း၊ ယခင် မိုခါမုန်တိုင်း ပြန်လည်ထူထောင်ရေး လုပ်ငန်းကော်မတီ(၆)ရပ်မှ ထိန်းသိမ်းထားရှိသည့် ပစ္စည်းများနှင့် ပြည်နယ်အတွင်း သိုလှောင်ထိန်းသိမ်းထားရှိသည့် စားရေရိက္ခာများ၊ တည်ဆောက်ရေး ပစ္စည်းများ ကို ပျက်စီးဆုံးရှုံးမှုမရှိစေရေးအတွက်  သက်ဆိုင်ရာကော်မတီများမှ ထိန်းသိမ်း ထားရှိရန်လိုအပ်ပြီး သဘာဝဘေးအန္တရာယ်များဖြစ်ပွားလာနိုင်ပါက  အချိန်နှင့်တစ်ပြေးညီ ထုတ်ပေးနိုင်ရေး ကြိုတင်ပြင်ဆင်ထားရှိကြရန်နှင့် ထူးခြားမှုရှိပါက ရခိုင်ပြည်နယ် အစိုးရအဖွဲ့သို့ အချိန်နှင့်တပြေးညီ တင်ပြပေးကြစေလိုကြောင်း၊ လုပ်ငန်းကော်မတီအလိုက် ဆောင်ရွက်ထားရှိမှု အခြေအနေများကိုလည်း တင်ပြသွားကြရန်ပြောကြားသည်။

ထို့နောက် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ လုပ်ငန်းကော်မတီဥက္ကဋ္ဌများ၊ အတွင်းရေးမှူးများနှင့် Video Conference စနစ်ဖြင့်တက်ရောက်ကြသည့် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများက သဘာဝဘေးအန္တရာယ်ဆိုင်ရာလုပ်ငန်းများ ကြိုတင်ဆောင်ရွက် ထားရှိးမှုနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းအစီအမံများကို ဆွေးနွေးတင်ပြကြရာ ပြည်နယ်အစိုးရ အဖွဲ့ဝင်များက ဖြည့်စွက်ဆွေးနွေးတင်ပြကြသည်။ ဆွေးနွေးတင်ပြချက်များအပေါ် ပြည်နယ်ဝန်ကြီးချုပ်က ပြန်လည်ဆွေးနွေးပေးပြီး နိဂုံးချုပ်အမှာ စကားပြောကြားခဲ့ကြောင်း သိရသည်။

တင်ထွန်း(ပြန်/ဆက်)