စေတုတ္တရာ မေ ၁၄
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ်၌ ခြင်မှတစ်ဆင့် ကူးစက်တတ်သော သွေးလွန်တုပ်ကွေးရောဂါနှင့် ငှက်ဖျားရောဂါ ကြိုတင်ကာကွယ်စေရန်ရည်ရွယ်၍ ယမန်နေ့နံနက်ပိုင်းက abate ဆေးခပ်ခြင်းလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် စေတုတ္တရာမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၏လမ်းညွှန်မှုဖြင့် ပြည်သူ့ကျန်းမာရေးဝန်ထမ်းများ၊ ရပ်ကွက်ကျန်းမာရေးမှုအဖွဲ့ဝင်များ၊ စေတနာဝန်ထမ်းများ ပူးပေါင်း၍ စေတုတ္တရာမြို့ အမှတ်(၂)ရပ်ကွက်ရှိ အိမ်ထောင်စုများအလိုက် သွေးလွန်တုပ်ကွေးရောဂါနှင့် ငှက်ဖျားရောဂါကြိုတင်ကာကွယ်နှိမ်နှင်းရေး အသိပညာပေးခြင်း၊ ဖုံး၊ သွန်၊ လဲ၊ စစ်နှင့် ပိုးလောက်လန်းရှိ/မရှိစစ်ဆေးခြင်း၊ ရေတွင်း၊ ရေကန်များအား အဘိတ်ဆေးခပ်ခြင်းလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိသည်။
ဆန်းကိုကို(ပြန်/ဆက်)