မင်းလှမြို့နယ်တွင် ၂၀၂၅-၂၀၂၆ပညာသင်နှစ်၊ကျောင်းအပ်နှံရေးသီတင်းပတ် ဆိုင်းဘုတ်စိုက်ထူပွဲ ကျင်းပ

အထက်မင်းလှ  မေ ၁၄

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် ပညာရေးဌာနမှ ကြီးမှူးကျင်းပပြုလုပ်သည့် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ ကျောင်းအပ်နှံရေးသီတင်းပတ်ဆိုင်းဘုတ်စိုက်ထူပွဲကို ယနေ့နံနက် (၇နာရီခွဲက တာဘောင်ကြီးလမ်းနှင့် အထကလမ်းထောင့် မြို့မရဲစခန်းရှေ့လမ်းဆုံ၌ ဆောင်ရွက်ခဲ့သည်။

အခမ်းအနားတွင် ကျောင်းအပ်နှံရေးနေ့သီတင်းပတ်ဆိုင်းဘုတ်အား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန်းထွန်းအောင်နှင့် အဖွဲ့ဝင်များ ၊မြို့နယ်ပညာရေးမှူး ဦးညွန့်ဝင်းနှင့် ဆရာ၊ ဆရာမများ၊ ဌာနဆိုင်ရာများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ငယ်ငယ်အောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်မိခင်နှင့်ကလေးစောင့် ရှောက်ရေးအသင်းအဖွဲ့ဝင်များ၊ ကျောင်းသား၊ ကျောင်းသူများက ဆိုင်းဘုတ်အား အမွှေးနံ့သာများ ပက်ဖျန်း၍ ဖွင့်လှစ်ပေးခဲ့သည်။ ထို့နောက် မင်းလှအခြေခံပညာအထက်တန်းကျောင်းမှ ဘင်ခရာအဖွဲ့ဝင်ကျောင်းသား ကျောင်းသူများက မြန်မာ့ကျောင်းသီချင်းကို ဘင်ခရာဖြင့် ဖျော်ဖြေခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက ဘင်ခရာအဖွဲ့အား ဂုဏ်ပြုငွေချီးမြှင့်ပေးခဲ့သည်။

မင်းလှမြို့နယ်တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ ကျောင်းအပ်နှံရေးသီတင်းပတ်အဖြစ် မေ (၂၂ရက်နေ့မှ ဇွန် (၁ရက်နေ့အထိဖြစ်ပြီး၊ အဆိုပါကျောင်းအပ်နှံရေးဆိုင်းဘုတ်စိုက်ထူရခြင်းမှာကျောင်းနေအရွယ် ကလေးအားလုံး စဉ်ဆက်မပြတ် ပညာသင်ယူဖို့ ကျောင်းအပ်နှံကြပါစို့” ဆောင်ပုဒ်နှင့်အညီ ကျောင်းနေအရွယ် ကလေးများအားလုံး ကျောင်းအပ်နှံရေးနှင့်ပညာသင်ကြားနိုင်ရေးအတွက် ကျောင်းသား၊ ကျောင်းသူများ မိဘများ၊ ဆရာ၊ ဆရာမများအားလုံး ပူးပေါင်းပါဝင်ဆောင်ရွက်ကြစေရန် ရည်ရွယ်၍ ကျောင်းအပ်နှံရေး သီတင်းပတ်ဆိုင်းဘုတ်စိုက်ထူရခြင်းဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

ဇာဇာ(အထက်မင်းလှ)