တောင်တွင်းကြီးမြို့နယ် ပွင့်လှလေးကျေးရွာအနီး ယင်းမလည်ချောင်း မြေအောက်တမံ (၂) ရာနှုန်းပြည့် တည်ဆောက်ပြီးစီး

တောင်တွင်းကြီး မေ ၁၄

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ် ပွင့်လှလေးကျေးရွာအနီး ယင်းမလည်ချောင်း မြေအောက်တမံ ()အား ဧပြီ ၁၀ ရက်နေ့မှစတင်၍ တည်ဆောက်လျက်ရှိရာ ဧပြီ ၂၈ ရက်နေ့တွင် ရာနှုန်းပြည့်တည်ဆောက်ပြီးစီးဖြစ်ကြောင်း သိရသည်။

တောင်တွင်းကြီးမြို့နယ် ပွင့်လှလေးကျေးရွာအနီး ယင်းမလည်ချောင်း မြေအောက်တမံ()အား ခန့်မှန်းကုန်ကျငွေ ၄၈ ဒသမ ၅၈ ကျပ်သန်းဖြင့် တည်ဆောက်ခဲ့ပြီး မြေအောက်တမံ အလျား (၇၅)ပေ၊ မြေအောက်တမံ အနက် (၂၀)ပေရှိကာ ပျှမ်းမျှမိုးရေချိန် ၄၅ လက်မ၊ ရေသိုလှောင်နိုင်မှုပမာဏ ၁၂ ဂါလန်သန်းခန့် သိုလှောင်နိုင်ပြီး အဆိုပါ မြေအောက်တမံတည်ဆောက်ခြင်းဖြင့် ပွင့်လှကြီး၊ ပွင့်လှလေး ကျေးရွာ ()ရွာမှ အိမ်ထောင်စု (၄၂၅) စု၊ လူဦးရေ (၁၇၃၇)ဦးတို့အတွက် စိုက်ပျိုးရေးလုပ်ငန်းများ များစွာအကျိုးဖြစ်ထွန်းမည်ဖြစ်ကြောင်း သိရသည်။

နောင်နောင် (ဗိဿနိုးမြေ)