ပိုင်ကျုံမြို့ နို့ဖိုးခီးကျေးရွာ၌ ကမ္ဘာ့မိခင်များ‌နေ့ အထိမ်းအမှတ်ကို ဂုဏ်ပြုသောအားဖြင့် မိခင်များအား ဂုဏ်ပြုပွဲအခမ်းအနား ကျင်းပ

ပိုင်ကျုံ  မေ ၁၂

မိဘ ဆရာသမားများသည် ဘုရားနှင့်တစ်ဂိုဏ်းတည်း ထားရှိရမည်ဆိုသည့်အတိုင်း ကရင်ပြည်နယ်၊ ပိုင်ကျုံမြို့၊ မိုးနိုင်းကျေးရွာအုပ်စုနို့ဖိုးခီးကျေးရွာ ကရင်နှစ်ခြင်းခရစ်ယာန်ဘုရားရှစ်ခိုးကျောင်း၌ ကမ္ဘာ့မိခင်များနေ့ကို ဂုဏ်ပြုသောအားဖြင့် အသင်းတော်တွင်ရှိသည့် မိခင်များတို့အား ဂုဏ်ပြုပွဲအခမ်းအနားကို မေလ ၁၁ ရက်နေ့ ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာအခမ်းအနားကို ချီးမွမ်းခြင်းသီချင်းသီဆိုခြင်းနှင့်ဆုတောင်းခြင်းဖြင့်စတင်ပြီး အသင်းတော်တွင် ရှိသည့် မိခင်များအား အမှတ်တရပစ္စည်းများနှင့် အလှူငွေများပေးအပ်ခြင်းမိခင်များကိုယ်စား ဒေါ်နော်အယ်ရှိးလာက အမှာစကားပြောကြားခြင်းမိခင်၏စံတန်ဖိုးကို စောခရစ်မူးက ပြောကြားခဲ့ပြီး မိခင်နေ့နှင့်ပတ်သက်သော  ဂုဏ်ပြုတေးသီးချင်းများ ကျမ်းစာများနှင့် တရားတော်များအား အသင်းတော်မှ တာဝန်ရှိသူများတို့က အသီးသီး ဆောင်ရွက်ခဲ့ကြောင်း  သိရှိရသည်။

ပိုင်ကျုံမြို့နယ်အတွင်းရှိ ကရင်နှစ်ခြင်းခရစ်ယာန်အသင်းတော်များတွင် သားသမီးများနှင့်မိဘများအကြား ဆက်ဆံ‌‌ရေး၊ ချစ်ခြင်း‌မေတ္တာ၊ ဂရုဏာများကို အောက်မေ့၊ တမ်းတ၊ သတိရစေရန် ရည်ရွယ်၍ ကမ္ဘာ့မိခင် များ‌နေ့ဖြစ်သည့်  မေလ ဒုတိယ အပတ်(တနင်္ဂနွေနေ့)တွင် နှစ်စဉ်ကျင်းပလျက်ရှိကြောင်း သိရသည်။

နော်ခူး(ပြန်/ဆက်)