ပိုင်ကျုံ မေ ၈
ကရင်ပြည်နယ်၊ ပိုင်ကျုံမြို့ရှိ ဒေသနေပြည်သူများသည် အများအားဖြင့် လယ်ယာစိုက်ပျိုးရေးနှင့် တိရစ္ဆာန် မွေးမြူရေးများကိုသာ အဓိကထားလုပ်ကိုင်ကြပြီး မိုးဦးကာလတွင် မိမိတို့၏ခြံမြေများ၌ တိရစ္ဆာန်မှ ထွက်ရှိသည့် သဘာဝမြေသြဇာများကို အသုံးပြုလျက် ဟင်းသီးဟင်းရွက်များ စိုက်ပျိုးထားကြသည်။
ယခုအခါ မိုးဦးကာလအတွင်း မိသားစုဝင်စားဝတ်နေရေး အဆင်ပြေစေရေးအတွက် တစ်ဖက်တစ်လမ်းမှ အပိုဝင်ငွေရရှိရန် တိုင်ထောင်သခွားများ စိုက်ပျိုးခဲ့ကြသည်။ တိုင်ထောင်သခွားသည် ရာသီအလိုက် စျေးနှုန်းကွာခြားလျက်ရှိကြောင်း၊ သခွားသီး ဆွတ်ခူးသည့်အချိန်တွင် အတက်ဈေး ရောင်းချရပါက မိသားစုအပိုဝင်ငွေ ပိုမိုရရှိမည်ဖြစ်ကြောင်း၊ သခွားစိုက်ပျိုးတောင်သူများအနေဖြင့် သခွားသီးဈေးကောင်းရရှိရန် မျှော်လင့်ကြောင်း တစ်ပိုင်တစ်နိုင် သခွါးစိုက်တောင်သူတစ်ဦးထံမှ သိရသည်။
ဒေသနေပြည်သူများအနေဖြင့် မိမိတို့၏ခြံမြေများတွင် ရာသီအလိုက် တိုင်ထောင်သခွားများအပြင် တိုင်ထောင်ပဲနှင့် အခြားဟင်းသီးဟင်းရွက်များကိုလည်း စိုက်ပျိုးထားကြကြောင်း သိရသည်။
နော်ခူး(ပြန်/ဆက်)