လိပ်သိုဒေသ၌ ပေါ်ဦးပေါ်ဖျား လိုင်ချီးသီးများ ဈေးကောင်းရရှိ

လိပ်သို မေ  ၇

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုဒေသသည် တောင်ကုန်းတောင်တန်း ထူထပ်ပေါများသည့် တောင်ပေါ်ဒေသဖြစ်သည့် အားလျော်စွာ ဒေသခံများမှာ နှစ်တို၊ နှစ်ရှည် သီးနှံပင်များ စိုက်ပျိုးခြင်းဖြင့် အသက်မွေးဝမ်းကျောင်းလျက်ရှိကြရာ လိုင်ချီးပင်များကိုလည်း စိုက်ပျိုးထားကြပြီး ပေါ်ဦးပေါ်ဖျားလိုင်ချီးသီးများ ဈေးကောင်းရလျက်ရှိနေကြောင်း သိရသည်။

လိပ်သိုဒေသတွင် ဇလဲ၊ ကော်ပတ်ခြံ၊ အလယ်ချောင်း စသည့်ကျေးရွာများမှ လိုင်ချီးသီးများထွက်ရှိပြီး လိပ်သိုမြို့ပေါ်၌ လိုင်ချီးသီးများကို တစ်စီးလျှင် (၄၀၀ဝိ/-) ကျပ်ဖြင့် ရောင်းချလျက်ရှိနေကြောင်း၊ ဒေသထွက် လိုင်ချီးသီးများကို ဒေသတွင်း၌သာမက ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့နှင့် အခြားမြို့ များသို့ ပို့ဆောင်ရောင်းချလျက်ရှိနေကြောင်း သိရသည်။

လိပ်သိုဒေသရှိ ဒေသခံများမှာ မိသားစုအပိုဝင်ငွေရရှိရန်အတွက် လိုင်ချီးသီးပင်များအပြင် ကွမ်း၊ ဒူးရင်း၊ မင်းကွတ်၊ မရမ်း၊ သရက် စသောနှစ်ရှည်သီးနှံပင်များကိုလည်း စိုက်ပျိုးထားလျက်ရှိကြကြောင်း သိရသည်။

ခင်လေးနွယ်