သံတောင်ကြီးမြို့နယ် Community Centre ခန်းမတွင် Book  Club/Youth Club များ စာဖတ်ဝိုင်းပြုလုပ်

သံတောင်ကြီး  မေ ၇

ကရင်ပြည်နယ်သံတောင်ကြီးမြို့နယ်တွင် စာဖတ်ခြင်းအကျိုးကျေးဇူးသိရှိစေရန် ရည်ရွယ်၍ Book  Club/Youth Club အဖွဲ့ဝင်များက စာရေးဆရာမောင်သစ်ဆင်း၏ ကြောက်စိတ်နဲ့ကလေးတို့ မနက်ဖန် စာအုပ်အား ယမန်နေ့နေ့လယ်(၁)နာရီအချိန်က   Community Centre ခန်းမ၌  စာဖတ်ဝိုင်းဆွေးနွေးပွဲ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဦးစွာ   သံတောင်ကြီးမြို့နယ်   ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ  ဦးစီးအရာရှိ နော်လော်မူက စာဖတ်ဝိုင်းပြုလုပ်ရခြင်းရည်ရွယ်ချက်များရှင်းလင်းပြောကြားပြီးနော်မူးသော(Book Club)  အဖွဲ့ဝင်က  စာအုပ်ပါအကြောင်းအရာတွင်ခေါင်းစဉ်ငယ်ဖြစ်သည့် သူတို့ကိုယ်သူတို့ အချိန်ဓလေ့၊ ကြောက်စိတ်(သို့) တုတ်တစ်ချောင်း၏အတ္ထုပ္ပတ္တိ၊ ပိုက်ဆံနဲ့ချမ်းမြေ့သုခ၊ အပြောင်းအလဲ စသည့်အကြောင်းအရာများအား စာဖတ်ဝိုင်းဆွေးနွေးဆောင်ရွက်ခဲ့သည်။

ဆက်လက်ပြီးစောအယ်အော် (Youth  Club)အဖွဲ့ဝင်က ကျောင်းကောင်း၊ ပညာလူ့အဖွဲ့အစည်း၊ ကလေးတို့မနက်ဖြန်၊ လာလေအတူသွားစို့၊ သဘောနဲကမ္ဘာစသည့်အကြောင်း အရာများကို ဖတ်ကြားဆွေးနွေးခဲ့ပြီး တက်ရောက်လာသည့် Book  Club / Youth Club  အဖွဲ့ဝင်များကစာအုပ်ပါ အကြောင်းအရာများကို အပြန်အလှန် ဆွေးနွေးခဲ့ကြောင်း သိရသည်။

အဆိုပါ   စာရေးဆရာမောင်သစ်ဆင်း၏ကြောက်စိတ်နဲ့ကလေးတို့မနက်ဖြန်စာအုပ်ကိုဖတ်ရှခြင်းဖြင့်  ပြသာနာအရပ်ရပ်ကို ကြောက်စိတ်မရှိရဲရဲဝံ့ဝံ့ ရင်ဆိုင်ဖြေရှင်းတတ်လာခြင်းနှင့် အချိန်ကို စည်းကမ်းရှိစွာ အသုံးပြုလာတတ်ခြင်းစသည့် အကျိုးကျေးဇူးများရရှိစေကြောင်း သိရသည်။

နော်နော်မူ