ရွှေတောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကဗျာပြိုင်ပွဲ၊ စာစီစာကုံးပြိုင်ပွဲနှင့် စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲကျင်းပ

ရွှေတောင် မေ ၇

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကဗျာပြိုင်ပွဲ၊ စာစီစာကုံးပြိုင်ပွဲနှင့် စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲကိုယနေ့ နံနက်ပိုင်းက နွေရာသီကျောင်ပိတ်ရက်တွင် စာကြည်တိုက်သို့ လာရောက်၍ စာပေငှါးရမ်းဖတ်ရှုကြသည့် မျိူးဆက်သစ်လူငယ် ကျောင်းသား၊ ကျောင်းသူများနှင့် ဆောင်ရွက်ခဲ့ကြသည်။

ရှေးဦးစွာ မျိုးဆက်သစ် ကျောင်းသား၊ ကျောင်းသူများအား ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ငြိမ်းငြိမ်းသန့်က ကျောင်းသား/ကျောင်းသူများအား စာဖတ်ရှိန်မြှင့်တင်ရေး၊ ကလေးအလုပ်သမားပပျောက်ရေးအကြောင်း၊ စာဖတ်သည့် အလေ့အကျင့်ရှိပြီး စာပေနှင့် ပိုမိုရင်းနှီးကျွမ်းဝင်လာစေရန်၊ စာပေမှရရှိသော အသိပညာဗဟုသုတများစွာ တိုးပွားလာစေရန်၊ ဥာဏ်ရည်၊ ဥာဏ်သွေးဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် ကိုယ်ရည်ကိုယ်သွေးထက်မြတ်လာစေရန် အသိပညာဗဟုသုတများ တိုးလာစေရန် အကြောင်းအရာများကို အသိပညာပေးဟောပြောခဲ့ပြီး စာပေချစ်မြတ်နိုးသူများအသင်း Book Club ဥက္ကဋ္ဌ ဒေါ်ခင်ယုနိုင် (အေပရယ်ယုနိုင် ရွှေတောင်) မှ ပြိုင်ပွဲစည်းကမ်းများကို ရှင်းလင်းပြောကြားပြီး ကဗျာပြိုင်ပွဲနှင့် စာစီစာကုံးပြိုင်ပွဲကို ကျင်းပခဲ့သည်။

ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော စာအုပ်စာစောင်ပြပွဲနှင့် အပူဒဏ်အန္တရာယ်ကြိုတင်ကာကွယ်ရေး သတိပေးနှိုးဆော်ချက်၊ လူကုန်ကူးမှုတိုက်ဖျက်ရေး အသိပညာပေးနံရံကပ်စာစောင်၊ ကလေးအလုပ်သမားပပျောက်ရေး နံရံကပ်စာစောင်များပြသရာ ကျောင်းသား၊ ကျောင်းသူများမှ စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။

ကိုကိုမင်း (ပြန်/ဆက်)