တောင်ငူမြို့၏ကျက်သရေဆောင် ရှေးဟောင်းသမိုင်းဝင် ရွှေဆံတော်စေတီတော်မြတ်ကြီး (၄၄၇)နှစ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်၊ ကဆုန်ညောင်ရေသွန်းပွဲတော်နှင့် စွယ်တော်မြတ် (၂)ဆူအား စည်ကားသိုက်မြိုက်စွာ လှည့်လည်ပူဇော်နိုင်ရေး ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

တောင်ငူ မေ

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့၏ကျက်သရေဆောင် ရှေးဟောင်းသမိုင်းဝင် ရွှေဆံတော်စေတီတော်မြတ်ကြီး (၄၄)နှစ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်၊ ကဆုန်ညောင်ရေသွန်းပွဲတော်နှင့် စွယ်တော်မြတ် (၂)ဆူအား စည်ကားသိုက်မြိုက်စွာ လှည့်လည်ပူဇော်နိုင်ရေး ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ​ယမန်နေ့ညနေ (၁၀)နာရီအချိန်က ဂေါပကအစည်းအဝေးခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ တောင်ငူခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ပွဲတော်ကျင်းပရေးဦးစီးကော်မတီဥက္ကဋ္ဌ ဦးကျော်စိုးလွင်က ရွှေဆံတော်စေတီတော်မြတ်ကြီး၏ ဗုဒ္ဓဘိသေသက အနေကဇာတင်ပွဲနှင့်အတူ တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ပင့်ဆောင်လာသော စွယ်တော်မြတ် (၁)ဆူ၊ သီရိလင်္ကာနိုင်ငံမှ ပင့်ဆောင်လာသော စွယ်တော်မြတ် (၁)ဆူ လှည့်လည်အပူဇော်ခံရေး၊ ဝင်းခင်းသဘင်နှင့် ကဆုန်ညောင်ရေသွန်းပွဲတော် စည်ကားသိုက်မြိုက်စွာကျင်းပရေး လမ်းညွှန်အမှာစကားပြောကြားပြီး ပွဲတော်ကျင်းပရေး ဦးဆောင်ကော်မတီအဖွဲ့ဝင် ခရိုင်တရားသူကြီး ဦးမိုးကြည်မောင်က မုဒိတာစကားနှင့် လမ်းညွှန်အမှာစကားပြောကြားသည်။ ထို့နောက် ပွဲတော်ကျင်းပရေးကော်မတီ ဒုတိယဥက္ကဋ္ဌ ဦးယဥ်ဌေး (ရွှေဆံတော်စေတီတော်မြတ်ကြီး ဘဏ္ဍာတော်ထိန်းဂေါပက)၊  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဉာဏ်လင်းအောင် (ပွဲတော်ကျင်းပရေးဦးစီးကော်မတီအတွင်းရေးမှူး)နှင့် ပွဲတော်ကျင်းပရေးဦးစီးကော်မတီဝင်များက ပွဲတော်စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး ဆောင်ရွက်ထားရှိမှု၊ လူဦးရေ (၁၀၀၀)ကျော်ဖြင့် ပွဲတော်ကျင်းပမည့် အစီအစဥ်များ၊ ဒေဝါဝင်း၊ ရာဇာဝင်း၊ ဝင်းခင်းမောင်မယ်များ ဆောင်ရွက်ထားရှိမှုနှင့် ဝတ်စုံများ ငှားရမ်းထားမှုအခြေအနေ၊ ဖျော်ဖြေရေးကိစ္စရပ်များ ဆောင်ရွက်ထားရှိမှု၊ ဆင်နှစ်ကောင်နှင့် မြင်း (၁၀)ကောင် ငှားရမ်းထားမှု၊ ဗုဒ္ဓအနေကဇာတင် ဆောင်ရွက်မည့်အစီအစဥ်နှင့် ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးများမှ ရပ်ကွက်အလိုက်ဆောင်ရွက်ထားမှု အခြေအနေများကို တင်ပြဆွေးနွေးကြသည်။ ထို့နောက်၃၈၆ ခုနှစ်၊ ဗုဒ္ဓဘိသေက အနေကဇာတင် ဆောင်ရွက်ခဲ့သော ပုံရိပ်များနှင့် (၄၄၇)ကြိမ်မြောက်အတွက် သျှန်ထွန်း (မြန်မာစာ)ရေးဖွဲ့ခဲ့သော သီချင်းဗီဒီယိုကလစ်ကို ပြသဖျော်ဖြေသည်။ ထို့နောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ပွဲတော်ကျင်းပရေးဦးစီးကော်မတီဥက္ကဋ္ဌ ဦးကျော်စိုးလွင်က နိဂုံးချုပ်အမှာစကားပြောကြားပြီး အခမ်းအနားအား ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆို၍ အခမ်းအနားအား ရုပ်သိမ်းသည်။

တောင်ငူမြို့ ရွှေဆံတော်စေတီတော်မြတ်ကြီး၏ နှစ်စဥ်ကျင်းပမြဲဖြစ်သော (၄၄)နှစ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်၊ ဘုရားအနေကဇာတင်ပွဲ၊ မဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲအောင်ပွဲ၊  ကဆုန်ညောင်ရေသွန်းပွဲတော်နှင့် ဘုရားပွဲတော်ကို မေ ရက်နေ့မှ ၁၈ ရက်နေ့အထိ ကျင်းပမည်ဖြစ်ပြီး စွယ်တော်မြတ် (၂)ဆူ လှည့်လည်ပူဇော်ပွဲကို  မေ ၁၁ ရက်နေ့၊ ညနေ (၃)နာရီအချိန်တွင် မြို့တွင်းသို့ ဝင်းခင်းသဘင်ဖြင့် စည်ကားသိုက်မြိုက်စွာ လှည့်လည်ပူဇော်ခံ၍ ရွှေဆံတော်စေတီတော်မြတ်ကြီး ရင်ပြင်ပေါ်တွင် လက်ယာရစ်တစ်ပတ်ပတ်ပြီး အနောက်မြောက်ထောင့်ရှိ ဗောဓိညောင်ပင်တွင် ညောင်ရေသွန်းလောင်းပွဲတော် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

ဇော်ကိုကို (တောင်ငူ)