ညောင်လေးပင်မြို့နယ် သစ်တောဦးစီးဌာနမှ ၂၀၂၅ ခုနှစ် မိုးရာသီ လူထုဖြန့်သစ်ပင်၊ ပျိုးပင်ပေါင်း (၃၀၀၀၀) ကို ပျိုးထောင်ထားရှိ

ညောင်လေးပင် မေ ၆

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ညောင်လေးပင်မြို့နယ် သစ်တောဦးစီးဌာနမှ သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြည်ရေး၊ ရာသီဥတုကောင်းမွန်မျှတရေး၊ သစ်တောသစ်ပင်များ ထိန်းသိမ်းခြင်းနှင့် ဒေသအပူချိန်လျှော့ချနိုင်စေရန်ရည်ရွယ်၍ ၂၀၂၅ ခုနှစ် မိုးရာသီ လူထုဖြန့် သစ်ပင်စိုက်ပျိုးရန် ကျွန်း၊ ပိန္နဲပင်၊ မန်ဂျန်ရှား၊ မယ်ဇလီ၊ ယူကလစ်၊ ကြောင်လျှာ စသည့်ပျိုးပင်ပေါင်း (၃၀၀၀၀) ကိုပျိုးထောင်ထားရှိကြောင်း မြို့နယ်သစ်တောဦးစီးဌာနမှူး  ဦးကျော်သက်ပိုင်ဦးထံမှ သိရသည်။

ညောင်လေးပင်မြို့နယ်၊ သစ်တောဦးစီးဌာန၊ ပျိုးဥယျာဥ်များတွင် ကျွန်း(၃၀၀၀)၊ ပိန္နဲ(၁၀၀၀)၊ မန်ဂျန်ရှား(၁၃၀၀၀)၊ မယ်ဇလီ(၂၀၀၀)၊ ယူကလစ်(၁၀၀၀၀)၊ ကြောင်လျှာ(၁၀၀၀) စုစုပေါင်းပျိုးပင် (၃၀၀၀၀) ကို ပျိုးထောင်ထားရှိပြီး မိုးရာသီအကြိုနှင့် မိုးရာသီသစ်ပင်စိုက်ပွဲများ ကျင်းပခြင်း၊ ဒေသခံပြည်သူများ၊ ကျောင်းများ၊ ဌာနဆိုင်ရာရုံးများ၊ တပ်ရင်းတပ်ဖွဲ့များ၊ လူမှုရေးအသင်းအဖွဲ့များကို အခမဲ့ဖြန်ဝေစိုက်ပျိုးခြင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)