ပေါင်းတည်၌ ယာယီနေရပ်စွန့်ခွာပြည်သူများအား ကူညီထောက်ပံ့

ပေါင်းတည် မေ ၆

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ယနေ့နံနက် ၁၀ နာရီက ပေါင်းတည်မြို့နယ်သို့ နေရပ်စွန့်ခွာခိုလှုံနေထိုင်ကြသော ပြည်သူများအား ကူညီထောက်ပံ့ငွေများ ပေးအပ်သည်။

နိုင်ငံတော်က စာနာထောက်ထားသောအားဖြင့် ယင်းသို့ကူညီထောက်ပံ့မှုကို ပေါင်းတည် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးမြင့်လှိုင်နှင့်အဖွဲ့ဝင်များ၊ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ တာဝန်ရှိသူများက ပေါင်းတည်မြို့နယ်ရှိ ယာယီနေရပ်စွန့်ခွာပြည်သူတစ်ဦးလျှင် ငွေကျပ်နှစ်သောင်းနှုန်းဖြင့် စုစုပေါင်း ၄၁၃ ဦးအတွက် ၈၂ သိန်း ၆ သောင်းကျပ်ကို ကူညီထောက်ပံ့ပေးအပ်ခဲ့ကြကြောင်း သိရသည်။

ရွှေသား (IPRD)