ဇလွန် ဧပြီ ၃၀
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့၌ ၂၀၂၅ -၂၀၂၆ ဘဏ္ဍာရေးနှစ်၊ ဒေသန္တရစီမံကိန်း တာဝန်ပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်စီမံကိန်းရေးဆွဲရေး အကောင်အထည်ဖော်ရေးကော်မတီဥက္ကဋ္ဌ ဦးထွန်းထွန်းလင်းက တာဝန်ပေးအပ်သည့် ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်၊ ဒေသန္တရစီမံကိန်းတာဝန်များကို စီမံကိန်းပါရည်မှန်းချက်များအတိုင်း အောင်မြင်အောင် အကောင်အထည်ဖော် ကြိုးပမ်းဆောင်ရွက်သွားကြရန် အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်စီမံကိန်းရေးဆွဲရေးအကောင်အထည်ဖော်ရေးကော်မတီဥက္ကဋ္ဌ ဦးထွန်းထွန်းလင်းနှင့်တာဝန်ရှိသူများက ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်၊ဒေသန္တရစီမံကိန်းတာဝန်များကိုပေးအပ်ခဲ့ရာ သက်ဆိုင်ရာ မြို့နယ်အဆင့်ဌာနဆိုင်ရာ အကြီး အကဲများက လက်ခံရယူခဲ့ကြသည်။
ဝေယံ-ဇလွန်(ပြန်/ဆက်)