စစ်ကိုင်း ဧပြီ ၃၀
စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းခရိုင်၏ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်၊ ဒေသန္တာရစီမံကိန်း ရည်မှန်းချက်များ တာဝန်ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့နံနက် (၁၀)နာရီအချိန်က စစ်ကိုင်းမြို့၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ခရိုင်စီမံကိန်း ရေးဆွဲအကောင်အထည်ဖော်ရေးကော်မတီဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးမျိုးအောင်က အဖွင့်အမှာစကား ပြောကြားပြီး စစ်ကိုင်း၊ မြင်းမူနှင့် မြောင်မြို့နယ်တို့၏ ဒေသန္တာရ စီမံကိန်းရည်မှန်းချက်များအား သက်ဆိုင်ရာမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့များမှ တာဝန်ရှိသူများ ထံသို့လည်းကောင်း၊ စစ်ကိုင်းခရိုင်၏ လယ်ယာကဏ္ဍကြီး ဒေသန္တာရစီမံကိန်း ရည်မှန်းချက်များအား ခရိုင်မြေစာရင်းဦးစီးမှူးထံသို့လည်းကောင်း၊ စက်မှုကဏ္ဍကြီး ဒေသန္တာရစီမံကိန်း ရည်မှန်းချက် များအား ခရိုင်လျှပ်စစ်အင်ဂျင်နီယာထံသို့လည်းကောင်း၊ ဝန်ဆောင်မှုကဏ္ဍကြီး ဒေသန္တာရစီမံကိန်း ရည်မှန်းချက်များအား ခရိုင်မြန်မာ့စီးပွားရေးဘဏ် မန်နေဂျာထံသို့လည်းကောင်း ပေးအပ်ခဲ့သည်။
ထို့နောက် ခရိုင်စီမံကိန်း ရေးဆွဲရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးဌေးဦးက ၂၀၂၅-၂၀၂၆ ဘဏ္ဍာ ရေးနှစ်အတွင်း တိုင်းဒေသကြီးဘဏ္ဍာရန်ပုံငွေဖြင့် ဆောင်ရွက်မည့် လုပ်ငန်းစီမံကိန်းများအား ခရိုင်လမ်း ဦးစီးဌာန ခရိုင်ဦးစီးမှူးထံသို့လည်းကောင်း၊ စစ်ကိုင်း၊ မြင်းမူနှင့် မြောင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ များမှ တာဝန်ရှိသူများက မြို့နယ်အလိုက် လယ်ယာကဏ္ဍကြီး၊ စက်မှုကဏ္ဍကြီး၊ ဝန်ဆောင်မှု ကဏ္ဍကြီး စီမံကိန်းရည်မှန်းချက်များနှင့် တိုင်းဒေသကြီးဘဏ္ဍာရန်ပုံငွေဖြင့် ဆောင်ရွက်မည့် လုပ်ငန်း စီမံကိန်းများအား သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများထံသို့လည်းကောင်း ပေးအပ်ခဲ့ကြကြောင်း သိရသည်။
နေလင်းအောင်(ပြန်/ဆက်)