မော်လမြိုင်ကျွန်း ဧပြီ ၃၀
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်တွင်၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် (ဧပြီလမှ မတ်လအထိ) ဒေသန္တရစီမံကိန်း တာဝန်ပေးအပ်ပွဲကို ယမန်နေ့နံနက် (၁၀) နာရီက မော်လမြိုင်ကျွန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မော်ဧရာအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်ဦးက အမှာစကားပြောကြားရာတွင် အမျိုးသားမျော်မှန်းချက်ဖြစ်သည့် တိုင်းပြည်သာယာဝပြောရေး၊ စားရေးရိက္ခာ ဖူလုံရေးတို့ အတွက် တစ်ဖက်တစ်လမ်းမှ ဆောင်ရွက်ရင်း လူမှုစီးပွားဘဝဖွံ့ ဖြိုးတိုးတက်မှာဖြစ်ကြောင်း၊ စပါးအထွက်နှုန်းတိုးတက်ပြီး ဆီဖူလုံမှုရှိစေရေးအတွက် ကြိုးပမ်းဆောင်ရွက်စေလိုကြောင်း၊ မွေးမြူရေးနှင့်ကုန်ထုတ်လုပ်မှုကဏ္ဍတွင် တန်ဖိုးမြင့်ထုတ်ကုန်များထုတ်လုပ်နိုင်ရေး ဝိုင်းဝန်း ကူညီကြစေလိုကြောင်း ပြောကြားပြီး မော်လမြိုင်ကျွန်းမြို့နယ်အတွင်း ရပ်ကွက်၊ ကျေးရွာများ၏ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဖြစ်သည့် smart village ၊ ကျေးရွာကုန်ထုတ်လမ်းများ၊ ကျေးရွာချင်း ဆက်လမ်းများ၊ ကွန်ကရစ်လမ်းများ၊ ကျောက်ချောလမ်းများ၊ ရေရရှိရေး၊ မီးရရှိရေး၊ ရေကာတာလုပ်ဆောင်ခြင်းစသည့် လုပ်ငန်းများအနေဖြင့် ဆောင်ရွက်ရမည့် လုပ်ငန်းများအလိုက် ဆွေးနွေးမှာကြားခဲ့သည်။
ထို့နောက် မြို့နယ်စီမံအု0ပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌမှ မြို့နယ်အဆင့်ဒေသန္တရစီမံကိန်းတာဝန်များအား သက်ဆိုင်ရာဌာနအသီးသီးမှ တာဝန်ရှိသူများထံသို့ လက်ဝယ်အရောက် လွှဲပြောင်းပေးအပ် ခဲ့ကြောင်း သိရသည်။
ရဲကိုမောင် (ပြန်/ ဆက်)