ငပုတော ဧပြီ ၃၀
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်တွင် မြို့နယ်အဆင့်(ဆင့်ပွား)ကာယပညာနည်းပြသင်တန်းဖွင့်ပွဲ အခမ်းအအနားကို ယမန်နေ့က အခြေခံ ပညာအထက်တန်းကျောင်း နဝရတ်ခန်းမတွင် ကျင်းပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင်မြို့နယ်ပညာရေးမှူးဆရာမကြီးဒေါ်မိုးမိုးအေးကသင်တန်းဖွင့်အမှာစကားပြောကြားရာတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ လူမူရေးဦးတည်ချက်တွင် ပါဝင်သည့် တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်းရေးနှင့် ပညာရည်မြင့်မားရေးတို့ကို အပြည့်အဝအထောက် အကူပြုဖြစ်စေရန်၊ အခြေခံပညာကျောင်းများတွင် ကာယပညာနှင့်အားကစားလုပ်ငန်းများကို အရှိန်အဟုန်မြှင့်ဆောင်ရွက်သွားရန် ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း အမှာစကားပြောကြားခဲ့သည်။ အဆိုပါသင်တန်းကို အထက်တန်း၊ အလယ်တန်း၊ မူလတန်းမှ ကာယဆရာ၊ ဆရာမများ တက်ရောက်ကြပြီး နည်းပြ(၆)ဦးတို့က ကိုယ့်ကာယကြံ့ခိုင်ရေးလေ့ကျင့်ခန်း အတွဲ ၃၊၄နှင့် Fines Dance သင်တန်းတို့ကို ဧပြီလ ၃၀ရက်နေ့အထိ သင်ကြားသွားမည်ဖြစ်ကြောင်း သိရသည်။
အောင်သူ(ပြန်/ဆက်)