ကလေးခရိုင် လူထုအခြေပြုဗဟိုဌာနတွင် ကွန်ပျုတာ အခြေခံသင်တန်း (၁/၂၀၂၅) ဆင်းပွဲ အခမ်းအနားကျင်းပ

ကလေး ဧပြီ ၃၀

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့၊ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာတွင် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏‌ လမ်းညွှန်မှုနှင့် ကလေးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့၏ အနီးကပ်ကြီးကြပ်မှုဖြင့် ကွန်ပျုတာအခြေခံတန်း (၁/၂၀၂၅)ဆင်းပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ကလေးခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre)၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ ကွန်ပျူတာသင်တန်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ကိုယ်စား ကလေးကွန်ပျူတာ တက္ကသိုလ်မှ တွဲဘက်ပါမောက္ခ ဦးမိုးသန့်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး ကလေးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးတွာလ်ဆွင်းဗန်က သင်တန်းဖွင့်လှစ်နိုင်ရေး ဆောင်ရွက်ထားရှိမှု အခြေအနေများကို ရှင်းလင်းပြောကြားခဲ့သည်။

 အဆိုပါသင်တန်းကို မတ်လ ၂၅ ရက်နေ့မှ ဧပြီ ၂၉ ရက်နေ့အထိ နံနက် ၁၀ နာရီမှ ၁၂ နာရီအတွင်း သင်တန်းသား၊ သင်တန်းသူ (၁၀) ဦးကို Microsoft Word ၊ Microsoft Excel ၊ PowerPoint ၊ Photoshop စသည့် ကွန်ပျူတာဘာသာရပ်များကို လေ့ကျင့်သင်ကြားပေးခဲ့ကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)