ချောက် ဧပြီ ၂၉
မတ်လ ၂၈ ရက်တွင် ဖြစ်ပွားခဲ့သော မန္တလေးငလျင်ကြီးလှုပ်ခတ်မှုနှင့် ဆက်စပ်၍ ဈေးကွက်၌ အခြေခံစားသောက်ကုန်ပစ္စည်း၊ ဆီထွက်သီးနှံမြေပဲနှင့် ပဲမျိုးစုံရောင်းချသည့်ဆိုင်များ၊ ဆောက်လုပ်ရေးပစ္စည်းရောင်းချသည့်ဆိုင်များ၊ ကုန်ဈေးနှုန်းတည်ငြိမ်ရေး မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့တွင် မြို့နယ်ကုန်ဈေးနှုန်းတည်ငြိမ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးလွင်၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံ ဒေါ်မြတ်မြတ်မိုးနှင့် ဌာနဆိုင်ရာပူးပေါင်းအဖွဲ့က ယမန်နေ့ နံနက်ပိုင်းတွင် ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့သည်။
ထိုသို့ စစ်ဆေးရာတွင် ချောက်မြို့အတွင်း အခြေခံစားသောက်ကုန်ပစ္စည်း၊ ပဲမျိုးစုံရောင်းချသည့်ဆိုင်များနှင့် ဆောက်လုပ်ရေးပစ္စည်းရောင်းချသည့်ဆိုင်များဖြစ်သည့် ရွှေမြှား၊ သုံးသုံးသုံး၊ ထွန်းအောင်ဖြိုး၊ ဖြိုးနိုင်ဖြိုး၊ အေဝမ်းဖြိုး၊ နေရှင်နယ်၊ ရတနာသိန်းဆိုင်များသို့ သွားရောက်ကာ ရည်ညွှန်းဈေးများအတိုင်းသာ ရောင်းချခြင်း ရှိ/မရှိ စစ်ဆေးခဲ့ပြီး ဈေးနှုန်းများထက် ပိုမိုရောင်းချခြင်းများ စစ်ဆေးတွေ့ရှိပါက ရောင်းချသူအား မြို့နယ်ကုန်ဈေးတည်ငြိမ်ရေးအဖွဲ့မှ တည်ဆဲဥပဒေနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ အခြေခံစားသောက်ကုန်ပစ္စည်းနှင့် ဆောက်လုပ်ရေးပစ္စည်းအား ဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းဖြစ်ပေါ်စေရေး၊ အဆမတန်ဈေးတင်ရောင်းချမှုမရှိစေရေး ထိန်းသိမ်းကြပ်မတ်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကျော်မိုး(ပြန်/ဆက်)