သန်လျင်မြို့နယ်၌ နွေရာသီပန်းချီရေးဆွဲနည်း(အလယ်တန်းအဆင့်) သင်တန်းဆင်းပွဲနှင့် ဆုချီးမြှင့်ပွဲပြုလုပ်

ရန်ကုန် ဧပြီ ၂၆

ရန်ကုန်တိုင်းဒေသကြီး သန်လျင်ခရိုင်၊ သန်လျင်မြို့နယ်တွင် နွေရာသီကျောင်းပိတ်ရက်များတွင် ကျောင်းသားလူငယ်များ အသိပညာဗဟုသုတတိုးပွားစေရန်၊ အချိန်ကိုအကျိုးရှိစွာအသုံးချနိုင်ရေးအတွက် နွေရာသီပန်းချီရေးဆွဲနည်းသင်တန်းဆင်းပွဲနှင့် ဆုချီးမြှင့်ပွဲကို ယမန်နေ့ နံနက် ၉ နာရီအချိန် အဆိုပါရုံး လူထုအခြေပြုဗဟိုဌာန  Community centre ခန်းမတွင် ပြုလုပ်ခဲ့သည်။

ဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်စမ်းစမ်းစိမ့်က အမှာစကားပြောကြားရာတွင် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် မိမိတို့ဝါသနာကို အကောင်အထည်ဖော်နိုင်စေရန်၊ မိမိတို့အားလပ်ချိန်များတွင် အတတ်ပညာတစ်ခုခုကို လေ့လာမှတ်သားခွင့်ရရှိသည့်အတွက်များစွာ အကျိုးရှိပါကြောင်းနှင့် ပန်းချီဆွဲခြင်းသည် ကလေးများ၏စိတ်ကူးစိတ်သန်းများကို လွတ်လပ်စွာဖော်ထုတ်ခွင့်ပေးခြင်းစသည့် အကျိုးကျေးဇူးများစွာရရှိသည်တို့ကိုပြောကြားပြီး  သင်တန်းနည်းပြ ပန်းချီဆရာ ဦးချစ်(ရွှေမြို့တော်) ပန်ချီသင်တန်းကျောင်းက  ဆုများရွေးချယ်ပေးအပ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် ပန်းချီပြိုင်ပွဲတွင်ဆုရရှိကြသော ကျောင်းသား၊ ကျောင်းသူများအား တာဝန်ရှိသူများကဆုများသီးသီးချီးမြှင့်ပေးအပ်ခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ခင်းကျင်းပြသထားရှိသော သုတ/ရသစာအုပ် စာစောင်များနှင့် အသိပညာပေးနံရံကပ်စာစောင်များအား စိတ်ဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြသည်။

အဆိုပါ နွေရာသီပန်းချီရေးဆွဲနည်းသင်တန်း(အလယ်တန်းအဆင့်)ကို အခြေခံပညာကျောင်းများမှ အလယ်တန်းအဆင့် ကျောင်းသား၊ကျောင်းသူ (၂၃) ဦးခန့် တက်ရောက်သင်ယူခဲ့ကြပြီး  သင်တန်းကာလမှာ မတ်လ(၂၁) ရက်နေ့မှ ဧပြီလ(၂၅)ရက်နေ့ထိ သောကြာ၊ စနေတစ်ပတ်(၂)ရက်ဖြင့် စာတွေ့၊ လက်တွေ့သင်ကြားပို့ချပေးခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

ဖြိုးသီဟ( ခရိုင်ပြန်ဆက်)