မုဒုံ ဧပြီ ၂၆
မွန်ပြည်နယ် မုဒုံမြို့နယ်တွင် နွေစပါးသီးနှံအထွက်ကောင်း မျိုးယှဥ်ပြိုင်စမ်းသပ်ခြင်း သုသေသနစမ်းသပ်ကွက် ကွင်းသရုပ်ပြပွဲကို ယနေ့နံနက် ၉ နာရီက ဗဟိုမျိုးသန့်ခြံ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ကွင်းသရုပ်ပြပွဲတွင် မုဒုံမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးငြိမ်းချမ်းကျော်က တောင်သူများ ဒေသနှင့်ကိုက်ညီသည့် သက်တမ်းတို စပါးအထွက်ကောင်းမျိုးများ ပြောင်းလဲစိုက်ပျိုးနိုင်ရေးနှင့် မျိုးယှဥ်ပြိုင်စမ်းသပ်ခြင်း သုသေသနစမ်းသပ်ကွက် စပါးမျိုးသစ်များဖြစ်သည့် အောင်နိုင်တိုး၊ ဆင်းသုခ၊ ဆင်းရွှေရင် - ၁၊ ရေ အနည်းလို - ၇၊ ဆားငန်ခံ - ၅၊ ဆားငန်ခံ- ၆၊ YRR-12၊ YAR-14၊ YAR- 07၊ YQR-11 စသည့် မျိုး(၂၆)မျိုးကျော် စမ်းသပ်စိုက်ပျိုးမှုများနှင့် ပတ်သက်၍ တောင်သူများအား ရှင်းလင်းခဲ့သည်။
အဆိုပါ ကွင်းသရုပ်ပြပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်ဌာနဆိုင်ရာများ၊ တောင်သူများ တက်ရောက်ခဲ့ကြပြီး တောင်သူများက စပါးမျိုးသစ်များနှင့် ပတ်သက်၍ သိရှိလိုသည်များ မေးမြန်းရာ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ပြန်လည်ဖြေကြားပေးခဲ့ကြောင်း သိရသည်။
ရာမည (ပြန်/ဆက်)