ချောင်းဆုံမြို့နယ် ကမာကေးကျေးရွာ ဧည့်သည်ခေါ်ဘုရားပွဲတော်တွင် မြန်မာ့ရိုးရာ လက်‌ဝှေ့စိန် ခေါ်ပွဲ ထည့်သွင်းကျင်းပ

ချောင်းဆုံ      ဧပြီ     ၂၆

မွန်ပြည်နယ်၊ (ဘီလူးကျွန်း) ချောင်းဆုံမြို့နယ်၌ ဧည့်သည်ခေါ်ဘုရားပွဲတော်များကို ရှေးနှစ်ပေါင်း များစွာကတည်းက နှစ်စဉ်ကျင်းပခဲ့ရာ  ဧပြီလ(၂၅)ရက်နေ့က ကမာကေးကျေးရွာ ဆံတော်ရှင် ကျိုက်မူဟွတ် ဘုရားပွဲတော်တွင် မြန်မာ့ရိုးရာ လက်ဝှေ့စိန်ခေါ်ပွဲကို  ရိုးရာဓလေ့  ယဉ်ကျေးမှုနှင့် အညီ ကျင်းပခဲ့ရာ အေးချမ်းစွာလာရောက်လည်ပတ် ကြည့်ရှုသူများဖြင့် စည်ကားခဲ့သည်။

ဧည့်သည်ခေါ်ဘုရားပွဲ လာရောက်သူများကို ကမာကေးကျေးရွာရှိ နေအိမ်အများစုတွင် ထမင်း၊ ဟင်း၊ မုန့် နှင့် အချိုရည်အအေးများ  ဧည်ခံကျွေးမွေးခဲ့ကြပြီး  ညနေပိုင်းတွင် ဒေသခံ မြန်မာရိုးရာ လက်ဝှေ့ ဝါသနာရှင်များနှင့် အနယ်နယ်အရပ်ရပ်မှ ရိုးရာလက်ဝှေ့ ဝါသနာရှင်များအတွက် ကျိုက်မူဟွတ် ဘုန်တော်ကြီးကျောင်းဝင်အတွင်း မြန်မာ့ရိုးရာ လက်ဝှေ့စိန်ခေါ်ပွဲ ဆက်လက် ကျင်းခဲ့ရာ အေးချမ်းစွာလာရောက်ကြည့်ရှုသူများ စည်ကားလျက်ရှိကြောင်း အဆိုပါမြန်မာ့ရိုးရာ လက်ဝှေ့စိန်ခေါ်ပွဲကို ဧပြီ(၂၅) ရက်နေ့မှ (၂၆) ရက်နေ့အထိ (၂) ရက်ကြာ ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။

ကိုကျော်(ချောင်းဆုံ)