ချောင်းဆုံမြို့နယ်၌ မိုးစပါးစိုက်ပျိုးမည့် အခြေခံသမဝါယမအသင်းသားများအား အထွက်တိုးမျိုးစပါးများပေးအပ်

ချောင်းဆုံ ဧပြီ ၂၅

မွန်ပြည်နယ်၊ ချောင်းဆုံမြိုနယ်၌ လာမည့်မိုးစပါးစိုက်ပျိုးရာသီအတွင်း မိုးစပါးစိုက်ပျိုးကြမည့် အခြေခံသမဝါယမအသင်းများမှ အသင်းသားတောင်သူများအနေဖြင့် မိုးစပါးအထွက်တိုးကာ အဆင်ပြေစေရန်အတွက် မြို့နယ်သမဝါယမဦးစီးဌာနမှ အောင်နိုင်တိုးအထွက်တိုး မျိုးစပါးများပေးအပ်ခြင်းကို ယမန်နေ့နံနက်ပိုင်းက မြို့နယ်သမဝါယမဦးစီးဌာနရုံးခန်းမတွင် ပြုလုပ်ခဲ့သည်။

အဆိုပါ မျိုးစပါးပေးအပ်ခြင်းကို မြို့နယ်အတွင်းရှိ စိုက်ပျိုးထုတ်လုပ်ရေးလုပ်ငန်း ဆောင်ရွက်နေသည့် အခြေခံသမဝါယမအသင်း (၆) သင်းမှ အသင်းသားတောင်သူ (၂၃) ဦးတို့၏ စိုက်ဧက (၈၂) ဧကအတွက် အောင်နိုင်တိုးအထွက်တိုးမျိုးစပါး တစ်ဧက တစ်တင်းနှုန်းဖြင့် စုစုပေါင်း (၈၂) တင်း ပေးအပ်ခဲ့ပြီး စိုက်ပျိုးထုတ်လုပ်ရေးလုပ်ငန်း ဆောင်ရွက်နေသည့် အခြေခံသမဝါယမအသင်းစုစုပေါင်း (၁၀) သင်း လာမည့်စိုက်ပျိုးရာသီအတွင်း မိုးစပါးစိုက်ဧက (၆၆၀) ဧက စိုက်ပျိုးနိုင်ရေး လျာထားဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်သမဝါယမဦးစီးဌာနမှ သိရသည်။

မြို့နယ်(ပြန်/ဆက်)