ခန္တီးမြို့၌ စိတ်ကြိုက်ပန်းချီဆွဲပြိုင်ပွဲကျင်းပ

ခန္တီး ဧပြီ ၂၅

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် ပြည်သူများ အသိပညာ ဗဟုသုတများရရှိလာစေရန် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ပန်းချီဝါသနာပါသည့် ကလေးငယ်များ ပန်းချီဆွဲစွမ်းရည် တိုးတက်လာစေရန်၊ ပြိုင်ပွဲများတွင် ပါဝင်ယှဉ်ပြိုင်လိုသည့် စိတ်ဓာတ်များရရှိစေရန်၊ လူမှုအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်တတ်စေရန်စသည့် ရည်ရွယ်ချက်များဖြင့် စိတ်ကြိုက်ပန်းချီဆွဲပြိုင်ပွဲကို ယမန်နေ့က ခန္တီးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ကလေးစာဖတ်ခန်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ခန္တီးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဒေါ်အေးအေးခန့်က ပြိုင်ပွဲပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်နှင့် ပြိုင်ပွဲစည်းမျဉ်း စည်းကမ်းများ ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် မူလတန်းအဆင့် ကျောင်းသား/သူ (၁၂)ဦးက မိမိတို့ကြိုက်နှစ်သက်‌ရာ ခေါင်းစဉ်ဖြင့် စိတ်ကြိုက်ပန်းချီ‌ရေးဆွဲယှဉ်ပြိုင်ခဲ့ကြရာ ပထမ၊ ဒုတိယ၊ တတိယ ဆုရရှိသူများအား လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နန်းအေးခိုင်က စာအုပ်နှင့် ခဲတံဆုများချီးမြှင့်ခဲ့ကြောင်း သိရသည်။

ကမ်းကီး(ပြန်/ဆက်)