စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး သက်ပုံတို့သည် ပြည်သူများအား စားသောက်ဖွယ်ရာများ ပေးအပ်ခြင်းနှင့် လူနေအိမ်တိုက်တာများ ပျက်စီးနေမှုများ ရှင်းလင်းဖယ်ရှားနေမှုများအား လိုက်လံကြည့်ရှု

မုံရွာ ဧပြီ ၂၄

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး သက်ပုံ၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့် တာဝန် ရှိသူများသည် ယမန်နေ့နံနက်ပိုင်းတွင် မန္တလေးငလျင်ကြီးကြောင့် စစ်ကိုင်းမြို့ပေါ်ရှိ ငလျင်ဘေးဒဏ်သင့် နန်းဦးမြို့သစ် ငလျင်ဒဏ်ကူညီရေးစခန်းသို့ ရောက်ရှိရာ တာဝန်ရှိသူများနှင့်အတူ ငလျင်ဒဏ်သင့်ပြည်သူများအား စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်ပြီး ငလျင်ကူညီရေးစခန်းအတွင်း ရွက်ဖျင်တဲများတည်ဆောက်ထားရှိမှုတို့အား လိုက်လံကြည့်ရှုခဲ့ကြပြီး ငလျင်ဒဏ်သင့်ပြည်သူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်အားပေးစကားများ ပြောကြားခဲ့ကြသည်။

ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်၊ ဒုတိယဗိုလ်ချုပ်ကြီးနှင့် တာဝန်ရှိသူများသည် မန္တလေးငလျင်ကြီးကြောင့် စစ်ကိုင်းမြို့၊ နှစ် ၇၀၀ ပြည်သူ့အားကစားကွင်းအတွင်းရှိ ကယ်ဆယ်ရေးစခန်းသို့ လာရောက်ခိုလုံကြသည့် ငလျင်ဘေးဒဏ်သင့်ပြည်သူများအား စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်ခဲ့ကြပြီး ငလျင်ဒဏ်သင့်ပြည်သူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်အားပေးစကားများ ပြောကြားခဲ့ကြပြီး ငလျင်ဒဏ်သင့် ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ထားရှိများအား ကြည့်ရှုခဲ့ ကြသည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်၊ ဒုတိယဗိုလ်ချုပ်ကြီးနှင့် တာဝန်ရှိသူများသည် မန္တလေးငလျင်ကြီးကြောင့် ဇနကာရာမကိုးကန့်ကျောင်းတိုက်သို့ ရောက်ရှိရာ ဆရာတော်ကြီးထံ လှူဖွယ်ပစ္စည်းများနှင့် စားသောက်ဖွယ်ရာများ ဆက်ကပ်လှူဒါန်းခဲ့ကြ ပြီး သာသနာရေးဆိုင်ရာများ လျှောက်ထားခဲ့ကြသည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်၊ ဒုတိယဗိုလ်ချုပ်ကြီးနှင့် တာဝန်ရှိသူများသည် မန္တလေးငလျင်ကြီးကြောင့် ပြိုကျပျက်စီးခဲ့သည့် သုတေသကသီလရှင်ကျောင်း သို့ရောက်ရှိရာ သီလရှင်ဆရာကြီးထံ အလှူငွေများ ပေးအပ်ခဲ့ကြပြီး ပြိုကျပျက်စီးခဲ့သည့် အဆောက်အဦအား ပြန်လည်ရှင်းလင်းဖယ်ရှားရေးလုပ်ငန်းများနှင့်ပတ်သက်၍ လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။

ဆက်လက်ပြီး  တိုင်းဒေသကြီးဝန်ကြီးချုပ်၊ ဒုတိယဗိုလ်ချုပ်ကြီးနှင့် တာဝန်ရှိသူများသည် မန္တလေးငလျင်ကြီးကြောင့် စစ်ကိုင်းမြို့ပေါ်ရှိ လူနေအိမ်တိုက်တာများ ပြိုကျပျက်စီးခဲ့ရာ ပြန်လည်ရှင်းလင်းဖယ်ရှားနေမှုများအား လိုက်လံကြည့်ရှုခဲ့ကြပြီး လိုက်အပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။

အလားတူ တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ ဒုတိယဗိုလ်ချုပ်ကြီးနှင့် တာဝန်ရှိသူများသည် ဧပြီလ ၂၂ ရက်၊ မွန်းလွဲပိုင်းတွင် မန္တလေးငလျင်ကြီးကြောင့် စစ်ကိုင်းမြို့၊ ရာဇမဏိစူဠာကောင်းမှုတော်စေတီတော်ကြီး အက်ကွဲကြောင်းများ ဖြစ်ပေါ်သွားမှုနှင့် ပရဝုဏ်အတွင်းရှိ သာသနိကအဆောက်အဦများ ပြိုကျပျက်စီးနေမှုများ ဖြစ်ပေါ်ခဲ့ရာ တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် လူမှုရေးအသင်းအဖွဲ့များမှပူးပေါင်း၍ ပြန်လည်ရှင်းလင်းဖယ်ရှားနေမှုများအား လိုက်လံကြည့်ရှုခဲ့ ကြသည်။

ဆက်လက်ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်၊ ဒုတိယဗိုလ်ချုပ်ကြီးနှင့် တာဝန်ရှိသူများသည် မန္တလေးငလျင်ကြီးကြောင့် နည်းပညာတက္ကသိုလ်(စစ်ကိုင်း) ပြိုကျပျက်စီးမှုများအား လည်းကောင်း၊ စစ်ကိုင်းခရိုင် စိုက်ပျိုးရေးဦးစီးဌာနရုံးရှိ မြတ်ဇေယျာခန်းမ ပြိုကျပျက်စီးမှုမျးအားလည်းကောင်း၊ စစ်ကိုင်းမြို့ပေါ်ရှိ လူနေအိမ်တိုက်တာများ ပြိုကျပျက်စီးမှုများအား တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် လူမူရေးအသင်းအဖွဲ့များမှပူးပေါင်း၍ ပြန်လည်ရှင်းလင်း ဖယ်ရှားနေမှုများအား လိုက်လံကြည့်ရှုခဲ့ကြပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)