ပခုက္ကူ ဧပြီ ၂၂
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်အတွင်းရှိ ပြည်သူများ ငလျင်ဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး ဆိုင်ရာလုပ်ငန်းစဉ်များနှင့်စပ်လျဉ်း၍ ကျယ်ကျယ်ပြန့်ပြန့် သိရှိနားလည်ပြီး လိုက်နာဆောင်ရွက်နိုင်စေရန် ရည်ရွယ် အသိပညာပေး လက်ကမ်းစာစောင်ဖြန့်ဝေခြင်းလုပ်ငန်းကို ယနေ့နံနက် ၈ နာရီအချိန်က ကွင်းဆင်းဆောင်ရွက်ကြသည်။
ထိုသို့ အသိပညာပေး လက်ကမ်းစာစောင်ဖြန့်ဝေရာတွင် ပခုက္ကူခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန မှခရိုင်ဦးစီးမှူး ဒေါ်နုနုဝင်းနှင့် ဝန်ထမ်းများ၊ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများ ပူးပေါင်း၍ ငလျင်သဘာဝဘေးအန္တရာယ်၏ အဓိပ္ပါယ်နှင့် ငလျင်အမျိုးအစားများ၊ ငလျင်ဘေးအန္တရာယ်နှင့်ပတ်သက်၍ ကြိုတင်ပြင်ဆင်ဆောင်ရွက်ရမည့်လုပ်ငန်းများ၊ ငလျင်ဘေးဖြစ်ပွားစဉ်နှင့် ဖြစ်ပွားပြီးနောက် ပြည်သူများ လိုက်နာဆောင်ရွက်ရမည့်အချက်များပါဝင်သည့် ငလျင်ဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များကို ပခုက္ကူမြို့ပေါ်ရပ်ကွက်များရှိ ပြည်သူများ၊ ခရီးသွားပြည်သူများထံ ကွင်းဆင်းဖြန့်ဝေခဲ့ကြကြောင်း သိရသည်။
ဘာမီသာ(ပခုက္ကူ)