ကျောက်ဆည်မြို့နယ် တမုတ်စိုက်ပျိုးရေးနည်းပညာပေးရှေ့တန်းစခန်းရှိ ကျေးရွာ(၁၀)ရွာတွင် နွေသီးနှံ နွေစပါး(၃၃၀၃) ဧက လျာထားစိုက်ပျိုး

ကျောက်ဆည် ဧပြီ ၂၂

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်တွင် ဒေသတွင်း ပဲမျိုးစုံ ဖူလုံပိုလျှံရေး နွေပဲသီးနှံများ တိုးချဲ့စိုက်ပျိုးလျက်ရှိရာ သင်းတွဲစိုက်ပျိုးရေးနည်းပညာပေးရှေ့တန်းစခန်းတွင် နွေစပါး(၃၃၀၃) ဧက လျာထားစိုက်ပျိုးလျက်ရှိကြောင်း သိရသည်။

သင်းတွဲစိုက်ပျိုးရေးနည်းပညာပေးရှေ့တန်းစခန်းတွင် ကျေးရွာအုပ်စုပေါင်း (၁၈) အုပ်စုရှိပြီး နွေနှမ်းသီးနှံများကို လက်ပံပင်ကျေးရွာအုပ်စုတွင် (၁၇၁)ဧက၊ မယ်ဇယ်ပင်ကျေးရွာအုပ်စုတွင် (၁၁၉)ဧက၊ ပွတ္တိုင်ကျေးရွာအုပ်စုတွင် (၉၀၀) ဧက၊ မြောင်းဦးကျေးရွာအုပ်စုတွင် (၂၃၁)ဧက၊ ကတဲကျေးရွာအုပ်စုတွင် (၁၂၀)ဧက၊ ဇရပ်ဖြူကျေးရွာ အုပ်စုတွင် (၃၇၄)ဧက၊ သင်ပုတ်ကျေးရွာအုပ်စုတွင် (၆၇၉) ဧက၊ ညောင်ရွေကျေးရွာအုပ်စုတွင် (၄၁၆)ဧက၊ ရွာနန်းကျေးရွာအုပ်စုတွင် (၂၀၀) ဧက၊ ညောင်ဝန်းကျေးရွာအုပ်စုတွင် (၉၃) ဧက စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။

ကျောက်ဆည်မြို့နယ်တွင် နွေနှမ်းသီးနှံများကို စိုက်ပျိုးရေးနည်းပညာပေးရှေ့တန်းစခန်း (၆)ခုတွင် (၁၉၉၈၀)ဧက လျာထားစိုက်ပျိုးလျက်ရှိပြီး နွေစပါးသီးနှံများ အောင်မြင်ဖြစ်ထွန်းစေရေး မြို့နယ်ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနမှ ရေပေးမြောင်းများအလိုက် စိုက်ပျိုးရေများ လုံလောက်စွာ အလှည့်ကျစနစ်ဖြင့် စိုက်ပျိုးရေများ ပေးဝေလျက်ရှိကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)