ဘုတ်ပြင်း ဧပြီ ၁၅
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ဘုတ်ပြင်းမြို့နယ်တွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ကပ်ကြီးသုံးပါးဘေးအန္တရာယ်မှကင်းဝေးစေရန်ရည်ရွယ်၍ မဟာပဋ္ဌာန်းအသံမစဲရွတ်ဖတ် ပူဇော်ပွဲပဋ္ဌာန်းသိမ်းအောင်ပွဲအခမ်းအနားကို ယမန်နေ့ညနေ (၃)နာရီအချိန်က ဘုတ်ပြင်းမြို့ ရွှေဘုံသာရပ်ကွက်ရှိ မြို့ကျက်သရေဆောင် အောင်တော်မူစေတီတော်ရှိ ဓမ္မာရုံတွင် ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ဆရာတော်သံဃာတော်အရှင်သူမြတ်များနှင့်ဧည့်ပရိတ်သတ်များက အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆိုဘုရားကန်တော့ဖွင့်လှစ်ပြီး ဘုတ်ပြင်းမြို့ ကရိုင်တိုင်ကျေးရွာ သီရိမင်္ဂလာတပ်ဦးကျောင်း ဆရာတော်ဘဒ္ဒန္တဇာဝနထံမှ ငါးပါးသီလခံယူဆောက်တည်ကြသည်။ ယင်းနောက် ဧည့်ပရိတ်သတ်များက ဆရာတော်သံဃာတော်အရှင်သူမြတ်များ ရွတ်ဖတ်သရဇ္စုာယ်တော်မူအပ်သော ပရိတ်တရားတော်များကို နာယူကြသည်။ ဆက်လက်၍ မာရ်အောင် ပရိယတ္တိစာသင်တိုက်ကျောင်းထိုင်ဆရာတော် ဘဒ္ဒန္တဂုဏိဿရမှ အနုမောဒနာဂါထာဖတ်ကြားသည်။ ယင်းနောက် ဆရာတော်သံဃာအရှင်မြတ်များအား လှူဖွယ်ဝတ္ထုများဆက်ကပ်လှူဒါန်းခဲ့ကြပြီး ဘုတ်ပြင်းမြို့အောင်မေတ္တာတောရကမ္မဋ္ဌာန်းကျောင်း ဆရာတော်ဘဒ္ဒန္တသောဘိတထံမှ ရေစက်ချတရားနာယူ၍ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေခဲ့ကြသည်။ ယင်းနောက် မြို့နယ်သာသနာရေးမှူး ဦးမင်းကိုက နတ်ဗြဟ္မာများအားပြန့်ပို့ခဲ့သည်။
ထို့နောက် ဆရာတော်အရှင်သူမြတ်များနှင့်ဧည့်ရိတ်သတ်များက မဟာပဋ္ဌာန်းအသံမစဲရွတ်ဖတ်ပူဇော်ပွဲအောင်ပွဲကို ဗုဒ္ဓသာသနံစိရံတီဋ္ဌတုသုံးကြိမ်ရွတ်ဆိုဆုတာင်း၍ အခမ်းအနားရုတ်သိမ်းခဲ့ကြောင်း သိရသည်။
မြို့နယ်( ပြန်/ဆက်)