သရက်ချောင်းမြို့နယ်‌၌ မရမ်းသီးများဈေးကောင်းရရှိ

သရက်ချောင်း   မတ် ၂၆

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်အတွင်းရှိ နေရာအနှံ့အပြားတွင် နှစ်ရှည်ပင်အဖြစ် မရမ်းပင်အား စိုက်ပျိုးထားရှိရာ အခုအချိန်၌ မရမ်းသီးအများအပြားပေါ်ထွက်ချိန်ဖြစ်၍ မရမ်းသီးအမှည့်များရောင်းချကြရာ ဈေးကောင်းရရှိသဖြင့် ဥယျာဉ်ခြံလုပ်ကိုင်သူများသည် မိသားစုစားဝတ်နေရေးအတွက် များစွာတစ်ဖက်တစ်လမ်းမှ အပိုဝင်ငွေရရှိကြောင်းသိရသည်။

သရက်ချောင်းမြို့နယ်၌ ဥယျာဉ်ခြံလုပ်ကိုင်သူများသည် မရမ်းသီးအမှည့်များ ရောင်းချကြသည့်အပြင် မရမ်းသီးလုံးအိုးစိမ်ပြုလုပ်ခြင်း၊ မရမ်းသီးအခြမ်းခွဲ၍ အခြောက်လှန်းကာ မရမ်းပြား၊ မရမ်းပေါင်း၊ မရမ်းယိုပြုလုပ်၍ ရောင်းချလျက်ရှိကြောင်း မြို့နယ်အတွင်းရှိ တောင်သူများသည် မရမ်းသီးများအား အဝယ်တိုင်များသို့ ရောင်းချကြရာ မရမ်းသီးတစ်ပါကင်လျှင် ၃၀၀၀၀ကျပ်မှ ၄၀၀၀၀ ကျပ်အထိ ဈေးကောင်းရရှိကြောင်း ဥယျာဉ်ခြံလုပ်ကိုင်သူ ဒေါ်တင်နုထံမှသိရသည်။

ပြည့်ဖြိုးပိုင်(ပြန်/ဆက်)