လပွတ္တာ မတ် ၂၄
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ် အမှတ်(၆)ရပ်ကွပ် အောင်တော်မူဘုရားဝန်းအတွင်းရှိ အာရုံခံတန်ဆောင်း၌ ယနေ့နံနက် ၉ နာရီအချိန်က ပါဠိပထမပြန်စာမေးပွဲအတွက် အလှူငွေများ ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကျင်းပခဲ့သည်။
ထိုအခမ်းအနားကို နမောဒဿ သုံးကြိမ်ရွတ်ဆိုဘုရားကန်တော့၍ အခမ်းအနားဖွင့်လှစ်ခဲ့ပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလွင်ကိုဦးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးသူရနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ အကြီးအကဲများက ဆရာတော်သံဃာတော်ကြီးများအား သင်္ကန်းနှင့် ဝတ္ထုငွေများ ဆက်ကပ်လှူဒါန်းခြင်း၊ စာမေးပွဲဖြေဆိုကျင်းပမည့် စာသင်တိုက်များအား ဝတ္ထုငွေများ ဆက်ကပ်လှူဒါန်းခဲ့ပြီး မြို့နယ်သံဃာ့နာယကအဖွဲ့ဥက္ကဋ္ဌ ဆရာတော်ကြီးထံက ရေစက်ချတရာတော်နာယူခဲ့ကြောင်း သိရသည်။
လပွတ္တာမြို့နယ်တွင် စာမေးပွဲဖြေဆိုမည့် ရဟန်း၊ သာမဏေ၊ သီလရှင်တို့တွင် ပထမကြီး(၁၃)ပါး၊ ပထမလတ်(၁၄)ပါး၊ ပထမငယ်(၃၉)ပါး၊ အခြေပြုမူလတန်း(၄၉)ပါး စုစုပေါင်း(၁၁၅)ပါးရှိကြောင်း သိရသည်။
ဟိန်းထက်လင်း(ပြန်/ဆက်)