တိုင်းဒေသကြီးဝန်ကြီးချုပ် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူးကျင်းပမည့် တတိယအကြိမ် စုပေါင်းရဟန်းခံ ရှင်ပြု အလှူတော်မင်္ဂလာအခမ်းအနားအောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးတက်ရောက်

ပုသိမ်        မတ်       ၂၄

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူးကျင်းပမည့် တတိယအကြိမ်စုပေါင်းရဟန်းခံ ရှင်ပြု အလှူတော်မင်္ဂလာအခမ်းအနားအောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို မတ်လ ၂၂ ရက်နေ့ မွန်းလွဲပိုင်းက တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေး ခန်းမ(၁)တွင် ပြုလုပ်ခဲ့ရာ အစည်းအဝေးသို့ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်း၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာများ တက်ရောက်ခဲ့ကြသည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က“ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ကကြီးမှူး၍ စုပေါင်းရဟန်း ခံရှင်ပြု အလှူတော်မင်္ဂလာအခမ်းအနားကို နှစ်စဉ်ကျင်းပခဲ့သည်မှာ တတိယ အကြိမ်ရှိခဲ့ပြီဖြစ် ပါကြောင်း၊ စုပေါင်းရဟန်းခံရှင်ပြုအလှူတော်မင်္ဂလာ အခမ်းအနားသည် ဌာနဆိုင်ရာများအပါအဝင် မြို့ပေါ်ရှိရပ်ကွက်(၁၅)ခုမှ ပြည်သူများပူးပေါင်းပါဝင်သည့် အခမ်းအနားအဖြစ် ဖော်ဆောင်ခြင်း လည်းဖြစ်ပါကြောင်း၊ ဌာနဆိုင်ရာများ၊ ရပ်ကွက်များမှ ပြည်သူများ ပါဝင်သည့်အတွက် ရဟန်းလောင်း၊ သာမဏေလောင်းများသည်လည်း ပိုမိုများပြားလာစေမည် ဖြစ်ပါကြောင်း၊  ကော်မတီများကလည်း မိမိတို့ကော်မတီများအလိုက် ပေးအပ်ထားသည့် တာဝန်များကို ကျေပွန်အောင် ဆောင်ရွက်ကြမည်ဖြစ်ပါကြောင်းနှင့် မိမိတို့တာဝန်ယူထားသည့် ကဏ္ဍအလိုက် အားနည်းချက်များမဖြစ်ပေါ်စေရေးအတွက် ဆွေးနွေးပေးကြရန်လိုပါကြောင်း၊ ရဟန်းလောင်းနှင့် သာမဏေလောင်းများ မြို့တွင်းလှည့်လည်ရာတွင် အဆင်ပြေချောမွေ့စွာဖြင့် လှည့်လည်နိုင်ရေး ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ ရဟန်းနှင့် သာမဏေများ ကျောင်းများအလိုက် စိတ်အေးချမ်း သာစွာသီတင်းသုံးနိုင်ရေး ကြိုတင်စီစဉ်ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ ပေါင်းစပ်ညှိနှိုင်းမှု ကောင်းကောင်းဖြင့် ကော်မတီများအလိုက် ပူးပေါင်းဆောင်ရွက်ကြရန်လိုပါ ကြောင်း၊ ရဟန်းလောင်းနှင့် သာမဏေများစာရင်းကိုလည်း ဌာနများအလိုက် ရပ်ကွက်များအလိုက် ကြိုတင်စာရင်းပြုစုတင်ပြရန်နှင့် ယခင်နှစ်ကကျင်းပခဲ့သည့်အားသာချက်၊ အားနည်းချက်များ ကိုလည်း ဝိုင်းဝန်းဆွေးနွေးအကြံပြုကြစေလိုကြောင်း” အမှာစကားများပြောကြားသည်။

ဆက်လက်၍ လုံခြုံရေးလုပ်ငန်းကော်မတီ၊ ကျန်းမာရေးလုပ်ငန်းကော်မတီ၊ အခမ်းအနား ပြင်ဆင်ရေးလုပ်ငန်းကော်မတီ၊ သံဃာတော်များပင့်ဆောင်ရေး၊ ရဟန်းခံရှင်ပြု အလှူတော် လှည့်လည်ရေး၊ ကြိုဆိုနေရာချထားရေးလုပ်ငန်းကော်မတီ၊ ဆွမ်းဆက်ကပ်ရေးနှင့်ဧည့်ခံ ကျွေးမွေးရေး လုပ်ငန်းကော်မတီ၊ ဘဏ္ဍာငွေရှာဖွေရေးနှင့် စိစစ်သုံးစွဲရေးလုပ်ငန်းကော်မတီ၊ လှူဖွယ်ပစ္စည်းများစီစဉ်ရေး၊ ဆွမ်းဆန်စိမ်းလောင်းလှူရေးနှင့် စာရင်းကောက်ယူရေးလုပ်ငန်း ကော်မတီ၊ ဖိတ်ကြားရေး၊ ကြိုဆိုနေရာချထားရေးလုပ်ငန်းကော်မတီနှင့် သတင်းပြန်ကြားရေးနှင့် မှတ်တမ်းတင်ရေးလုပ်ငန်းကော်မတီတို့က ကော်မတီများအလိုက် ဆောင်ရွက်ကြမည့်  ကဏ္ဍတစ်ခု ချင်းစီအား ရှင်းလင်းတင်ပြခဲ့ကြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုအပ်သည်များကို ဖြည့်စွက်ဆွေး နွေးခဲပြီး ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူးကျင်းပမည့် တတိယအကြိမ်စုပေါင်း ရဟန်းခံရှင်ပြု အလှူတော်မင်္ဂလာအခမ်းအနား အောင်မြင်စွာကျင်းပ နိုင်ရေးအတွက် လိုအပ်သည်များပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။

လှမင်းထွဋ်(ပြန်/ဆက်)