သာပေါင်း မတ် ၂၄
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တွင် ကမ္ဘဲ့ညောင်ကုန်း ကျေးရွာအုပ်စု၊ စက်ဒေါင့်ကြီးကျေးရွာတွင် ဖေဖော်ဝါရီလ၂၅ ရက်နေ့၌ ဖြစ်ပွားခဲ့သော လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်(၁)လုံး ပြိုကျ၊နေအိမ်(၃)လုံး အမိုးလန်ပျက်စီးခဲ့ရသည့် မိသားစုများအား ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ မတ်လ ၁၉ ရက်နေ့၊ မွန်းတည့် ၁၂ နာရီအချိန်က ဆန်ရိက္ခာနှင့် အိမ်ဆောက်ပစ္စည်းဘိုးများ ပေးအပ်ခဲ့သည်။
လေပြင်းတိုက်ခတ်၍ ကမ္ဘဲ့ညောင်ကုန်း ကျေးရွာအုပ်စု၊ စက်ဒေါင့်ကြီးကျေးရွာနေ ဦးဝင်းမြင့်နှင့်အတူနေ အသက်(၁၈)နှစ်အထက် အမျိုးသား(၂)ဦး၊ အမျိုးသမီး(၂)ဦး၊ အသက်(၁၈)နှစ်အောက် အမျိုးသား(၁)ဦးတို့နေထိုင်ရာ ဓနိမိုး၊ ထရံကာ၊ ပျဥ်ခင်း(၁၅'×၁၅'×၁၂')နေအိမ်(၁)လုံး ပြိုကျ၊ ဦးနိုင်လင်းထွန်းနှင့်အတူနေ အသက်(၁၈)နှစ်အထက် အမျိုးသား(၁)ဦး၊ အမျိုးသမီး(၁)ဦး၊ အသက်(၁၈)နှစ်အောက် အမျိုးသား(၁)ဦးတို့ နေထိုင်ရာ ဓနိမိုး၊ ဓနိကာ၊ကြ မ်းခင်း(၁၅'×၁၅'×၁၂')နေအိမ်(၁)လုံး အမိုးလန်၊ ဦးဇင်ဝိုင်းနှင့်အတူနေ အသက်(၁၈)နှစ်အထက် အမျိုးသား(၁)ဦး၊ အမျိုးသမီး(၁)ဦး၊ အသက်(၁၈)နှစ်အောက် အမျိုးသမီး(၂)ဦးတို့ နေထိုင်ရာ သွပ်မိုး၊ ပျဥ်ကာ၊ ပျဥ်ခင်း(၁၅'×၁၅'×၁၂' )နေအိမ်(၁)လုံး အမိုးလန်၊ ဦးဇော်မင်းထူးနှင့် အတူနေ အသက်(၁၈)နှစ်အထက် အမျိုးသား(၂)ဦး၊ အမျိုးသမီး(၁)ဦးတို့နေထိုင်ရာ ဓနိမိုး၊ ထရံကာ၊ ပျဥ်ခင်း(၁၅'×၁၅'×၁၂')နေအိမ်(၁)လုံးတို့ ဖေဖော်ဝါရီလ ၂၅ ရက်နေ့၊ ညနေ ၅ နာရီ ၄၅ မိနစ်အချိန်က ပြိုကျ၊အမိုးလန်ပျက်စီးခဲ့ရသည့် အိမ်ထောင်စု(၄)မှ လူဦးရေ(၁၅)ဦးအတွက် ဆန်ရိက္ခာဘိုးရန်ပုံငွေ(၃၁၅၀၀)ကျပ်၊ အိမ်ဆောက်ပစ္စည်းဘိုးရန်ပုံငွေ(၁၉၀၀၀၀) ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုးပါ (၁)ပုံး တန်ဘိုးငွေ(၁၀၇၆၇၈) ပေါင်းကယ်ဆယ်ရေးရန်ပုံငွေ(၂၂၁၅၀၀)တို့ကို မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ သက်ဆိုင်ရာ ကမ္ဘဲ့ညောင်ကုန်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးသိန်းဇော်ထံသို့ လွှဲပြောင်းပေးအပ်ရာ ဆက်လက်၍ ဘေးသင့်မိသားစုများလက်ဝယ်သို့ ပေးအပ်ခဲ့ကြကြောင်း သိရသည်။
မျိုးဇော်သိန်း(ပြန်/ဆက်)