နတ်မောက်မြို့၌ စာဖတ်ရှိန်မြှင့်တင်ရေး ပုံပြင်ပြောပြိုင်ပွဲ ကျင်းပ

နတ်မောက် မတ် ၂၄

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ဘက်စုံသုံးခန်းမ၌ စာဖတ်ရှိန်မြှင့်တင်ရေး ယနေ့နံနက် ၉ နာရီခွဲ အချိန်က ပုံပြင်ပြောပြိုင်ပွဲ ကျင်းပခဲ့သည်။  

အဆိုပါ ပုံပြင်ပြောပြိုင်ပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒေါ်သင်းသင်းဝေ (ဒုတိယဦးစီးမှူး)က လူငယ်လူရွယ်များ ဗလငါးတန်နှင့်ပြည့်စုံသည့် လူတော်လူကောင်းများဖြစ်စေရန်၊ စာဖတ်သည့်အလေ့အကျင့်ရရှိစေရန်၊ နွေရာသီအားလပ်ရက်များ၌ အချိန်ကို အကျိုးရှိစွာ အသုံးချတတ်ကြစေရန်ရည်ရွယ်၍ ပြိုင်ပွဲများ ကျင်းပပေးရခြင်းဖြစ်ပါကြောင်း ဆွေးနွေးပြောကြားသည်။

ဆက်လက်၍ ပြိုင်ပွဲကို ကျင်းပရာ တက်ရောက်လာကြသည့် သားငယ်သမီးငယ်များက မိမိတို့ဖတ်ရှုလေ့လာထားသည့် ပုံပြင်ခေါင်းစဉ်များဖြင့် အသီးသီးဝင်ရောက်ယှဉ်ပြိုင်ကြရာ ပြိုင်ပွဲတွင် ဆုရရှိသူများအား မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိနှင့် တာဝန်ရှိသူများက ဆုများချီးမြှင့်ပေးခဲ့သည်။ 

နတ်မောက်မြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် အားလပ်သည့်အချိန်များတွင် ပုံပြင်ပြောခြင်း၊ ကဗျာရွတ်ဆိုခြင်း၊ ပန်းချီရေးဆွဲခြင်း၊ ကျပန်းစကားပြောပြိုင်ပွဲများ ဉာဏ်စမ်းပဟေဠိပြိုင်ပွဲများ လစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မူမူစန်း