မြို့သစ် မတ် ၂၂
မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်တွင် လူငယ်၊ လူရွယ်များ မြန်မာ့သနပ်ခါးရိုးရာယဉ်ကျေးမှုနှင့်ပတ်သက်၍ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်စေရေးအတွက် မြန်မာ့သနပ်ခါးနေ့လှုပ်ရှားမှုအဖြစ် အသိပညာပေးဟောပြောကို မတ်လ ၁၉ ရက်၊ မွန်းလွဲပိုင်းက မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre)ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ မြန်မာ့ရိုးရာသနပ်ခါးယဉ်ကျေးမှုဆိုင်ရာ အသိပညာပေးဟောပြောပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးအရာရှိ ဒေါ်ဝင်းအိဇွန်က မြန်မာ့သနပ်ခါးရိုးရာယဉ်ကျေးမှုနှင့်ပတ်သက်၍ မြန်မာ့လူ့အဖွဲ့အစည်းအတွင်း သနပ်ခါးလိမ်းခြယ်မှု ဓလေ့ထုံးတမ်းများ၊ မြန်မာ့သနပ်ခါးနေ့ ပေါ်ပေါက်လာပုံ၊ မြန်မာ့သနပ်ခါးစိုက်ပျိုးသည့် ဒေသများ၊ မြန်မာ့သနပ်ခါး၏ ကျန်းမာရေးဆိုင်ရာ အကျိုးကျေးဇူးများနှင့် မြန်မာ့သနပ်ခါးရိုးရာယဉ်ကျေးမှုဆိုင်ရာ အသိပညာပေးအကြောင်းအရာများကို ဟောပြောဆွေးနွေးခဲ့ကြောင်း သိရသည်။
ဝင်းအိဇွန်(ပြန်/ဆက်)